အခန်း ၁

6 0 0
                                    

ရာသီဥတု သာယာကြည်လင်နေသော်လည်း ရုံးခန်းအတွင်းရှိ လေထုမှာဖြင့် ဆန့်ကျင်ဘက်ဆန်လှသည်။

ပခုံးအထက်၌ ရွှေရောင်ကြယ်တံဆိပ်နှစ်ခုပါရှိသော စစ်ယူနီဖောင်းဝတ်ဆင်ထားသည့် ကိုယ်ခန္တာ တောင့်တောင့်ဖြောင့်‌ဖြောင့်ရှိသော အသက်လေးဆယ်ကျော်အရွယ် လူတစ်ယောက်သည် သူ၏လက်ထဲ၌ကိုင်ဆိုင်ထား‌သော ဖိုင်တွဲတို့ကို စားပွဲအထက်သို့ ပစ်ချလိုက်သည်။

အခန်းတွင်း တပ်အတွင်းပုံစံအတိုင်း မတ်တပ်ရပ်နေသူ နှစ်ယောက်မှာ ကြမ်းတမ်းစွာ ပစ်ချလိုက်သော ယင်းအသံကြောင့် ကျောရိုးတို့မှာဖြင့် ပို၍ဖြောင့်တန်းသွားရသည်။

ကြေးနီရောင်ကြယ်တစ်ပွင့်ပါ နှင့် ကြေးနီရောင်ကြယ်နှစ်ပွင့်ပါ စစ်ယူနီဖောင်းဝတ်ဆင်ထားသူ ဗိုလ်လေးအဆင့်ဖြစ်သည့် ထိုနှစ်ဦးတို့၏ အကျီ‌နောက်ကျောပြင်တို့ဟာဖြင့် ချွေးများ ဆို့နစ်၍နေချေပြီ။

" တောက်! လာပြန်ပြီ။ အခုမှ စစ်မှုစထမ်းတဲ့ ပြည်သူ‌တွေကို ဒီကို လေ့ကျင့်ရေးလာဆင်းခိုင်းရအောင် ပင်လယ်နယ်နိမိတ်စည်း‌တွေကို ဒင်းတို့ ဖအေတွေများမှတ်နေကြတာလား။ ရေတပ်ဌာနချုပ်ကကောင်တွေက အနောက်တောင်ပိုင်း ရေတပ်လေ့ကျင့်ရေးစခန်းကို အလှပြစားနေကြတာလား။ လူသစ်တွေကို အဲ့ဒီမှာအရင် စခန်းမသွင်းပဲနဲ့ တပ်သားတွေတောင်မဟုတ်သေးတဲ့ ဒီ ကလေးလိုလို ခွေးလိုလို လူသစ်တစ်သိုက်နဲ့ နယ်နိမိတ်စည်းကို ဘယ်လိုစီးကြပ်ရမှာလဲကွ "

မတ်မတ်ရပ်နေကြရသူ ဗိုလ်လေးနှစ်ယောက်မှာဖြင့် ယနေ့ကြမှ မလှိမ့်တစ်ပတ်နှင့် တာဝန်ချိန်လဲယူသွားသည့် သူတို့၏ဗိုလ်ကြီးကိုသာ စိတ်ထဲမှနေ အခဲမကြေဖြစ်နေရသည်။

တစ်ဖက်မှာဖြင့် တာဝန်ချိန်ကိုလဲယူသွားသည့် ငွေရောင်ကြယ်တစ်ပွင့်ပါ ဗိုလ်ကြီးစောသူ ဆိုသူမှာတော့ တစ်ပျော်တစ်ပါးကြီး လေ့ကျင့်ရေးတပ်သားအသစ်တွေကို ရေတပ်-၃၃ တပ်စခန်းတည်ရှိရာ ကျွန်းငယ်ဆီသို့ မော်တော်လှေနဲ့ ခေါ်ဆောင်လာသည်။

မိနစ်အတော်ကြာမှ ရေတပ်-၃၃စခန်း၏ ရာထူးအမြင့်ဆုံး ရွှေကြယ်နှစ်ပွင့်ပါ ဗိုလ်ချုပ်ကျိုက်ထုံ အခန်းသို့ သတင်းသွားပို့ရသူ ဗိုလ်လေးနှစ်ယောက်မှာဖြင့် မျက်နှာငယ်လေးများနှင့် ထွက်လာကြ‌ရ‌သည်။

 တော်ဝင်‌နိဒါန်း {The Royal's preliminary} Where stories live. Discover now