အခန်း ၂

2 0 0
                                    

အိုရှားကျွန်းပြည်ထောင်နှင့် တော်ဝင်နိုင်ငံ၏ ရေခြားနယ်နိမိတ်အရေးဟာ တစ်စနှင့်တစ်စ တင်းမာလာခဲ့သည်မှာ ယခုဆို ရက်ပေါင်းငါးဆယ်ကျော် ရှိနေပြီဖြစ်သည်။

ရေခြားနယ်နိမိတ်စည်း၌ပါ ဓာတ်ငွေ့က ထွက်ရှိနေသည်ဖြစ်ရာ ပိုင်ဆိုင်မှုခွဲ‌ဝေ‌ခြင်း၌ ညှိနှိုင်းမရဖြစ်နေသည်။

ယခုဆို နိုင်ငံ့ဝန်ကြီးချုပ်မှာ အိုရှားသို့ ညှိနှိုင်းရေးသံတမန်များစေလွှတ်နေသည်က နှစ်လအတွင်း ငါးခါရှိနေ‌ပြီ။ 

" ‌ဗိုလ်ကွန်း။ စစ်ဖြစ်မယ်လို့ ထင်ရလား "

အ‌ခြေအနေတင်းမာလာမှုကြောင့် ကျွန်းဆွယ်တန်းမှာတာဝန်ကျနေသော ဗိုလ်ကြီးမိုးကောင်းသာမက အလေလိုက်နေသော ဗိုလ်ကြီးစောသူသည်ပင် ရှေ့တန်းသို့ အပြေးရောက်လာကြရသည်။

နယ်ခြားမျဉ်းနှင့်အနီးဆုံး တပ်စခန်းဖြစ်သည့် ရေတပ်-၁၇ရှိသည့်ကျွန်းငယ်မှာ ယခင်ကဆိုလျှင် တပ်သားတစ်ရာပင်မရှိသော်လည်း ယခု အနီးနားမှ ရေတပ်စခန်းတွေကပါ အရေးပေါ်ပူးပေါင်းလာသည့်အခါမှာ ကျွန်းငယ်လေးက တပ်သားများနှင့် ပြည့်ကြပ်နေပေသည်။

" အရှေ့ဘက်တိုက်ကြီးရဲ့နိုင်ငံတိုင်းက စစ်ပွဲတားဆီးရေး ရေးထိုးထားရတယ်ဆိုပေမယ့် အိုရှားဘက်မှာ အင်အားကြီးတွေ ပါနေမယ်ဆိုရင်တော့ အခြေအနေက တစ်မျိုးဖြစ်သွားပြီ "

နေထိုင်ရာ ကမ္ဘာကြီးမှာ နယ်နိမိတ်ဒေသအဖြစ် အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်းဟူ၍ရှိပြီး အရှေ့ဘက်ခြမ်းတိုက်ကြီး၌ နိုင်ငံပေါင်း ၄၉နိုင်ငံရှိပြီး ထိုအထဲ၌ ၉နိုင်ငံမှာ တော်ဝင်ထီးနန်း ရှိ‌လေသည်။

" ကျွန်တော်တို့ဝန်ကြီးချုပ်ကိုက သက်ညှာပေးနေတာကိုး။ တစ်ဖက်က အခွင့်ကောင်းမယူတာကမှ အံ့ဖွယ်ဖြစ်နေမယ်။ အမှန်က ဘာမှမဆိုင်ဘူး။ ၆၀%-၄၀%ဆိုတာက များနေပြီ။ ၅၀%ထိ လာတောင်းနေရအောင် ဓာတ်ငွေ့‌ကြောက သူတို့ဆီကမှ မဟုတ်တာ။ ၁၀%ပဲ ပေးပစ်ရမှာ။ ယူချင်ယူ။ မကျေနပ်ရင် စစ်လာဖြစ်လေလို့ ပေါ်တင်ရိုက်ရမှာ "

" မင်း ပါးစပ်ကြီးက။ ကောင်းတာလေးတွေ ပြောစမ်းပါ။ စစ်ဖြစ်တာက လွယ်တယ်မှတ်နေလား။ နိုင်ငံရေး၊ စီးပွားရေး၊ အဖက်ဖက်က အကုန်ကျဆင်းသွားမှာ။ ဘိုးဘေးတွေလက်နဲ့ရေးခဲ့တာကို ငါတို့ကျမှခြေနဲ့မဖျက်နဲ့ "

 တော်ဝင်‌နိဒါန်း {The Royal's preliminary} Where stories live. Discover now