သင်္ခ သီဟ သူရ မင်းထင် အသက်ငါးနှစ်အရွယ်။
မီးရောင်စုံတို့ဖြင့် ထိန်လင်းလှပနေသော ပွဲအခမ်းအနားရှိရာဆီသို့ မျက်လုံးအဝိုင်းသားလေးနှင့်ကြည့်နေသော သီဟသူရငယ်လေး။
" မွေးမိခင် သားတော်တို့ ဘာလို့ သွားလည်လို့မရတာလဲ "
" ညီမလေးကငယ်သေးတော့ အပြင်သွားလည်လို့မရသေးလို့ပါကွယ် "
အသက်ငါးနှစ်အရွယ်က များစွာ သိနားလည်ခြင်းများမရှိခဲ့။ မိခင်၏စကားကြောင့် ပျော်ပွဲရွှင်ပွဲကို ငေးကြည့်နေသော သီဟသူရငယ်က မိခင်ပွေ့ချီထားသော အနှီးထုပ်လေးထံ အာရုံလွှဲသွားသည်။
" ခစ် ခစ် ကိုကို့ရဲ့သုဒြာလေး "
သီဟသူရငယ်လေးက သူ၏မိခင်လက်ထဲ၌ ပွေ့ချီထားသော ကလေးငယ်လေးကို သဘောတကျဖြင့် တို့ထိနေကာ ကလေးငယ်လေးကလည်း အသံတအဲအဲဖြင့် ပြန်တုံ့ပြန်သည်။
စန္ဒာသည် သူမ၏ ရင်သွေးငယ်နှစ်ယောက်ကိုကြည့်ကာ မျက်ရည်တို့ ရစ်သိုင်းလာသည်။
သူမရွေးချယ်ခဲ့သောလမ်းကို နောင်တမရပါပေ။
စန္ဒာသည် ပြည့်ရှင်၏ မောင်းမတစ်ယောက်သာဖြစ်ပြီး စည်းစိမ်တို့သာမက ဘုရင့်ရင်သွေးငယ်များပါရှိသည်။ ထို့ပြင် စန္ဒာက အခြားသော မောင်းမများထက် ပို၍ အလေးပေးခံရသည်။ အဘယ့်ကြောင့်ဆိုလျှင် စန္ဒာသည် ပြည့်ရှင် ထီးနန်းမတက်မှီ အိမ်ရှေ့စံဘဝထဲက အနားနားရှိပေးခဲ့သူဖြစ်ပြီး လက်ရှိ အိမ်ရှေ့မင်းသားငယ်လေးကိုလည်း ပြည့်ရှင် နန်းမတက်ခင်အချိန်ထိ ထိန်းကြောင်းပေးခဲ့ရ၍ ဖြစ်သည်။
ပြည့်ရှင်က သူ့အနားမှာ အချိန်အတော်ကြာ အဖော်ပြုပေးခဲ့သဖြင့် သူမကို တစ်ခါမေးဖူးသည်။
ရှေ့ဆက်ရမယ့်လမ်းမှာ အာဏာနဲ့ငြိမ်းချမ်းမှုကို ဘယ်ဟာရွေးမလဲတဲ့။
ထိုအချိန်က ပြည့်ရှင်နန်းတက်ပြီးခါစ မိဖုရားရွေးချယ်တော်ကောက်ချိန်တွင် သူမအားမေးခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ငြိမ်းချမ်းမှုကိုသာ ရွေးချယ်ပါက မိသားစုတစ်ခုရရှိမည်ဟု ဆိုခဲ့သည်။
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Short Storyခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...