လတစ်လ၏ဆယ်ရက်မြောက်နေ့တိုင်း အိမ်ရှေ့အရိုက်အရာကိုဆက်ခံထားရသော အမရာသည် တော်ဝင်နန်း၏ ဩဇာအာဏာတည်ရှိရာ မြနန်းဆောင်၏ညီလာခံသို့ မဖြစ်မနေ တက်ရောက်ရသည်။
နည်းပညာခေတ်သို့ တစ်စစပြောင်းလဲလာသည့်အတွက် တော်ဝင်နန်းကလည်း အချို့သော ဓလေ့ထုံးတမ်းများကိုဖြင့် ခေတ်ရေစီးကြောင်းအတိုင်း ပြုပြင်မှုများပြုလုပ်ခဲ့သည်။
ဓလေ့ထုံးထမ်းနှင့်ဆက်နွယ်သည့် နိုင်ငံ့ပွဲတော်များမှမဟုတ်လျှင် တော်ဝင်နန်း၏ ဆောင်ရွက်ပုံကိုလည်း လျော့ချထားခဲ့သည်။
ထို့ကြောင့် ညီလာခံဟုဆိုသော် ရှေးယခင်ကဲ့သို့ ဟန်ကြီးပန်ကြီးမဟုတ်တော့ကာ သာမန်အလုပ်ရုံးတို့၏အစည်းအဝေးတို့နှင့်မခြား ဆောင်ရွက်သည်။ သို့သော် ညီလာခံသို့ တက်ရောက်သည့်မည်သူမဆို သတ်မှတ်ထားသည့် ဝတ်ရုံကိုဖြင့် အတိအကျ ဝတ်ဆင်ရသည်။
ယခုတစ်ခေါက်၌ စစ်ရေးကိစ္စများကို တင်ပြရန် တော်ဝင်တပ်မတော်မှ တပ်မှူးတို့ပါ ညီလာခံ၌ ရောက်ရှိနေသည်။
ညီလာခံတစ်လျှောက် အမရာသည် တော်ဝင်တပ်မတော်၏စစ်ဝတ်စုံကို ဝတ်ဆင်ထားသော ကွန်းထံ မကြာခဏ အကြည့်ရောက်ဖြစ်သည်။
နိုင်ငံ့စစ်ဝတ်စုံတုန်းကလည်း ထိုသူဟာ သိပ်ကိုခန့်ညားသည်။ တော်ဝင်တပ်မတော်၏ စစ်ဝတ်စုံနှင့်လည်း ထိုသူဟာ ခန့်ညားနေပြန်သည်။
ကွန်းနှင့် မျက်ဝန်းခြင်းစုံမိသည့်အခါ ဖော်ညွှန်းမရသောခံစားချက်တို့က အမရာ့ကို အသက်ရှုခက်စေသည်။
" သီရိ မုဒြာ "
ဘေးဖက်မှာ ထိုင်နေသော ဖခမည်းတော်က အမရာ့ကို အသံခပ်အုပ်အုပ်ဖြင့် ခေါ်သည်။
အမရာ့ကို သတိပေးသောအကြည့်တို့ဖြင့်ကြည့်လာသည့်အခါ ဖခမည်းတော်၏ ဆိုလိုရင်းကို သူမ သဘောပေါက်ရပါသည်။ ဖခမည်းတော်တောင် သတိထားမိသည်အထိ အမရာ စိတ်လွတ်သွားဟန်တူပါသည်။
ညီလာခံပြီးချိန်အထိ အမရာ ထပ်၍ စိတ်မပြန့်ရဲတော့ကာ ကွန်းထံသို့ အကြည့်မရောက်ဖြစ်ခဲ့တော့။ ညီလာခံသိမ်းချိန်ရောက်မှသာ ကွန်းကို ရှာဖွေလိုက်သော်လည်း ခပ်ဝေးဝေးသို့ရောက်သွားပြီဖြစ်သော နောက်ကျောပြင်ကိုသာ အမရာ မြင်ရတော့သည်။
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Short Storyခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...