အခန်း ၈

0 0 0
                                    

တောင်ပိုင်းဒေသကြီး။ တောင်ပိုင်းမြို့တော် လက်ယာတမ္ပ။

ရေတပ်ဌာနချုပ်တည်ရှိရာ တောင်ပိုင်းမြို့တော်တွင် ယနေ့၌ တမူထူးခြားနေပါသည်။

တောင်‌ဒေသကြီးလုံး၏ အရာခံအမြင့်ဆုံးဖြစ်သော ဗိုလ်ချုပ်သောင်းလင်း၏မျက်နှာမှာ အပြုံးပန်းတို့ဝေဆာနေရသည်။

အကြောင်းမှာ သုခဘုံကျွန်း၏ မီးခဲပူပူကြီးကို တော်ဝင်နန်းက ယူဆောင်သွားသည်ဟု ဆိုလာ၍ ဖြစ်သည်။

ထို့ပြင် တော်ဝင်နန်းက ဖုံးကွယ်ပေးထားသဖြင့် ကိစ္စတို့မှာ သတင်းစီးဆင်းမှု တစ်စုံတစ်ရာမှ ရှိမလာတော့ချေ။

" ဗိုလ်မော်ကွန်း။ အခုမှပဲ မျက်နှာချင်းဆိုင် တွေ့ဆုံဖြစ်တယ်။ ကောင်းတယ် တော်တယ်။ မင်းတို့လူငယ်တွေလက်ထဲကို ရဲရဲကြီးလွှဲပေးနိုင်ပြီ။ ဂုဏ်ပြုပါတယ် အခုဆို မင်းက ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီ။ နောက်လည်း နိုင်ငံ့အတွက် ထောက်တိုင်တစ်ရပ်ဖြစ်လာပေးပါ "

ဗိုလ်ချုပ်မော်ကွန်းသည် ဗိုလ်ချုပ်သောင်းလင်းကို လေးလေးစားစား စစ်အလေးပြုသဏ္ဍန် ဖော်ဆောင်၍ ဦးညွှတ်လိုက်သည်။

" ထိုင်ပါ။ မင်းလည်း ပင်ပန်းနေပြီဆိုတော့ သက်တောင့်သက်သာ ထိုင်ပြီးပြောတာပေါ့ "

သို့နှင့် ဗိုလ်ချုပ်သောင်းလင်းညွှန်ပြရာဆီ ခပ်မတ်မတ်ဝင်ထိုင်ကာ ထိုသူ၏ ပြောစကားကို နားစွင့်စောင့်ဆိုင်းနေလိုက်သည်။

" ဌာနဆီ အထူးတလည်ခေါ်လိုက်ရတာက အရမ်းကြီး အထွေအထူးကိစ္စ မဟုတ်ပါဘူး။ ပထမအချက်အနေနဲ့ မင်းတို့အတွက် ဂုဏ်ပြုပွဲအကြောင်းရယ်၊ နောက်တစ်ခုက မင်းတို့ကို မြနန်းဆောင်က တိုက်ရိုက်ဆင့်ခေါ်ထားတယ် "

ထိုအရာက ဗိုလ်ချုပ်မော်ကွန်း ခန့်မှန်းမိပြီးသားအရာဖြစ်သည်။

ဒုဗိုလ်ချုပ်ကြီးခွန်းမဟာထံ ဗိုလ်ကြီးဇာနည်၏ တင်ပြချက်ရောက်ရှိသွားပြီး သုံးရက်အကြာ၌ အတွင်းသတင်းအရ တော်ဝင်နန်းက ထိန်းချုပ်လိုက်ပြီဟု အသံထွက်လာသည်။

ငါးရက်အကြာ ရေတပ်ဌာနက အထူးတလည် အခေါ်ပြုလာသည့်အခါ ပို၍ ရှင်းလင်းသွားရသည်။

 တော်ဝင်‌နိဒါန်း {The Royal's preliminary} Where stories live. Discover now