အခန်း ၅

4 0 0
                                    

အစည်းဝေးပြီးချိန်၌ တာဝန်ကိုယ်စီဖြင့် နောက်ရက်မနက်အတွက် ပြင်ဆင်ရန် အလေးပြုထွက်ခွာသွားကြသည်။

ဗိုလ်ချုပ်‌မော်ကွန်း၏အခန်းတွင်း၌ ယခုဆို လူတစ်ယောက်သာ ကျန်ခဲ့တော့သည်။

" ကျွန်တော့်ကို ရှင်းပြသင့်တယ်ထင်တယ် "

ဗိုလ်ချုပ်က ပယင်းရောင်မျက်ဝန်းတို့ကို စိုက်ကြည့်ကာဖြင့် အဖြေကို စောင့်ဆိုင်းနေခဲ့သည်။

အမိန့်မပါသည့်တိုင် တင်းမာလှသည့်အမေးသံကြောင့် တစ်ဖက်သူမှာ မည်သို့အဖြေ‌ပြုရမည်ကို မသိ။ အတော်ကြာ အသံတိတ်နေသည်။

ဗိုလ်ချုပ်မော်ကွန်းသည်လည်း စိတ်ကိုလျော့ချလိုက်ရကာ ထိုမျက်ဝန်းတစ်စုံကို စိတ်ထဲမှနေ အပြစ်တင်ရပါတော့သည်။

" ဟုတ်ပြီ။ ရှင်းပြဖို့ခက်ခဲနေရင် ကျွန်တော်မေးတာကိုပဲ ဖြေပေး "

ထိုအခါ ထိုကောင်မလေးက ခေါင်းညိမ့်ပြလာသည်။

အထက်အရာရှိနှင့် စကားပြောသည့်အခါ ထိုကဲ့သို့‌အပြုအမူတို့က အပြစ်ပေးလို့ရသည်ဆိုတာ ထိုကောင်မလေး နားလည်ပါရဲ့လား။

သို့သော်လည်း ဗိုလ်ချုပ်မော်ကွန်းမှာ ပင်လယ်ကမ်းစပ်၌တွေ့ဆုံခဲ့သည့်ထိုနေ့မှစ သူကိုယ်တိုင်ကပင် သတိပြုမိသည်အထိ ထိုကောင်မလေးနှင့်ပတ်သက်ပါလျှင် တပ်တွင်းစည်းမျဉ်းတို့ကို ဖောက်ဖျက်ပေးခဲ့သည်များသာ။

" ဒီစစ်ဆင်ရေးက အတိမ်းစောင်းခံလို့မရတာ သိတယ်မလား "

" ဟုတ်ကဲ့ "

" ဒီစစ်ဆေးရေးမှာ နေရာတစ်နေရာစာရဖို့က ‌လွယ်ကူတဲ့အခြေအနေမဟုတ်ဘူး။ ပင်ကိုယ်ကလည်း ထူးချွန်ရမယ်။ ထူးခြားတဲ့နောက်ခံတွေလည်း ရှိရမယ်။ ဂုဏ်ထူးဆောင်တံဆိပ်လည်း လိုအပ်သေးတယ်။ ဆိုတော့ ကျွန်တော့်ကိုပြောပါဦး မင်းက ဘယ်အချက်နဲ့ကိုက်ညီနေလဲဆိုတာ "

ထိုကောင်မလေးနဲ့ စကားထိပ်တိုက်ပြောခဲ့သည်က ယခုနဲ့ဆို သုံးကြိမ်မြောက်ရှိပြီ။

ပထမ ပင်လယ်ကမ်းစပ်ကိစ္စ။ ထိုအခါတုန်းက မေ့လဲသွားသော ကောင်မလေးကို ဆေးဝါးကုသခန်းထဲ သယ်ဆောင်ပေးခဲ့သည်။ သိချင်စိတ်တို့ကြောင့် ထိုကောင်မလေး သတိရလာသည့်အခါ စကားစမြည်ပြောဖြစ်ခဲ့ကြသည်။

 တော်ဝင်‌နိဒါန်း {The Royal's preliminary} Where stories live. Discover now