ဗိုလ်ချုပ်မော်ကွန်းတို့၏ ပထမခြေလှမ်းမှာ နေဦးကျော်ဆိုသည့်သူ ဖြစ်သည်။
မနေ့ညနေပိုင်း ပိုက်ဆံလည်ဖြုန်းပြီးသော ဗိုလ်သက်မေက သတင်းအပိုင်းအစကို သယ်ဆောင်လာပြီးနောက် နေဦးကျော်ဆိုသည့်သူကို ခြေရာခံမိသွားသည်။
ထိုသူက လောင်းကစားဝါသနာထုံလွန်းပြီး မြှာပွေသူဖြစ်ကာ ထိုကျွန်းကြီး၏ အမည်ခံသူဌေးဟုလည်း ဆိုကြသည်။
" အဟင်း အားနာလိုက်တာနော်။ ဒီမှာ "
လှပစွာပုံဖော်ထားသော နီရဲရဲလက်သည်းရှည်တို့က ဖဲချပ်ပွင့်များနှင့် အလွန်လိုက်ဖက်မှုရှိသည်။ မြင်ရသူတိုင်းက ထိုလက်ချောင်းရှည်သွယ်သွယ်တို့ကို စိုက်မကြည့်ပဲ မနေနိုင်။
" ဒီက လူကြီးမင်းတို့ နိုင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ် "
ကာစီနိုဝိုင်းမှာ ဖဲဝေပေးသော ဒိုင်လေးက ဒိုးပြားအထပ်လိုက်ကြီးအား ဗိုလ်မော်ကွန်းတို့ဆီ တွန်းပို့ပေးလာသည်။
" ဟား ဟား။ ကောင်းတယ် သိပ်ကောင်းတယ်။ ဒီလို ပြိုင်ဖက်မျိုးနဲ့မတွေ့ရတာ အတော်ကြာပြီ "
" ဒီကအစ်ကိုကြီးက မြှောက်ပြောနေပါပြီ။ မိန်းမငယ်လေး ကံကောင်းသွားတဲ့အပေါ်မှာတော့ စိတ်မကွက်ပါဘူးနော် "
" မဟုတ်ရတာပါဗျာ။ ကျွန်တော်ကတောင် ဝမ်းမြောက်ရမှာပါ။ ဒီလိုချော၊ ဒီလိုလှပတဲ့ အမျိုးသမီးလေးဆီမှာ ကျရှုံးရတာ ဂုဏ်ယူစရာပါ။ စိတ်မရှိဘူးဆို ခင်မင်ပါရစေ။ ကျွန်တော့်နာမည်က နေဦးကျော် ပါ "
တစ်ဖက်မှ ခြေလှမ်းဦးကာ စတင်မိတ်ဆက်လာသည်။ သင်္ဘောပေါ်တက်ထဲက အချက်အလက်တို့ အကြမ်းဖြင်းဖော်ပြထားခဲ့သည်ဖြစ်ရာ နေဦးကျော်ကိုယ်တိုင် ခြေလှမ်းစလာသည့်အတွက် ပို၍လွယ်ကူသွားသည်။
" တို့က အဲ့လောက်လဲ ချောလှ၊မနေပါဘူးရှင်။ ရှင် ဒီလိုမြှောက်နေတာနဲ့ တို့ရဲ့အချစ်ကတော့ စိတ်ဆိုးတော့မှာပဲ "
ဗိုလ်သက်မေက ကနွဲ့ကလျဆိုကာ ဗိုလ်ကွန်းရဲ့လက်မောင်းကိုချိပ်ပြီး ပခုံးပေါ်ခေါင်းမှီချလိုက်သည်။ တစ်ဖက်သူကိုလည်း ညှိ့ယူမှုအပြည့်ဖြင့်စိုက်ကြည့်လိုက်သည်။ အရိုင်းဆန်ဆန်ညှို့ယူမှုကြောင့် မြှာပွေသူ နေဦးကျော်သည်လည်း ဗိုလ်သက်မေထံ နစ်ဝင်သွားသည်။
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Short Storyခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...