အခန်း ၆

1 0 0
                                    

တစ်ဖက်မှ ဗိုလ်ချုပ်မော်ကွန်းတို့က ကာစီနိုသို့သွားသည့်လမ်း၌ အ‌ယောင်ပြကာ အနောက်မှလိုက်လာသူတို့ကို မျက်ခြေဖျက်ပြီး လမ်းကြားတစ်ခုသို့ဝင်ပုန်းနေကာ ဗိုလ်ကြီးသက်မေတို့နှင့် အဆက်သွယ်ချိတ်မိရန် ကြိုးစားနေသည်။

နောက်ဆုံး၌ စစ်တပ်သုံးနည်းပညာမြင့်ဆက်သွယ်ရေးကိရိယာမှ မီးလင်းလာသည်။

" ဗိုလ်ချုပ် "

ဆက်သွယ်ချက်က ဗိုလ်ဝဏ္ဏကိုင်ဆောင်ထားတာ ဖြစ်‌နေသည်။

" ဗိုလ်ချုပ် ကျွန်တော်တို့အခု အဆောက်အအုံတစ်ခုထဲမှာ ထိန်းသိမ်းခံထားရတယ်။ အတွင်းထဲက လူတွေကို ရှင်းထားပြီးပြီ။ အထွက် နဲနဲခက်နေတယ်။ ပစ်မိန့်ရနိုင်မလား "

" ဆယ့်ငါးမိနစ်ရနိုင်လား "

" မထိန်းနိုင်လောက်ဘူး ဗိုလ်ချုပ်။ ဗိုလ်သက်မေ ဒဏ်ရာရထားတယ် "

" နောက်ငါးမိနစ်နေလို့မှ ကျွန်တော်ဆက်သွယ်မလာရင် ပစ်မိန့်ပေးတယ် "

ဗိုလ်ဝဏ္ဏမှ ဆက်သွယ်ရေးဖြတ်ချပြီးနောက် ဗိုလ်ကွန်းလည်း ချက်ချင်း ဗိုလ်ထိန်လင်းထံ လိုင်းချိပ်လိုက်သည်။

ထိုခဏအတွင်းမှာတင် အချက်ပြအသံတစ်ခုက ကျယ်လောင်စွာထွက်ပေါ်လာပြီး တစ်ကျွန်းလုံးအနှံ့မြည်ဟီးလာသည်။

ထိုအသံကြောင့် ကျွန်း၏နေရာတိုင်းမှာ ရှုပ်ယှက်ခက်သွားကာ သုခဘုံကိုစောင့်ကြပ်နေသောလက်နက်ကိုင်များက စစ်ဆေးရေးများ အတင်းကြပ်ပြုလုပ်နေပြီး ကျွန်း၏ဝင်လမ်းထွက်လမ်းများကိုလည်း ပိတ်ပစ်လိုက်သည်။

ဗိုလ်ကွန်း၏ ဆက်သွယ်ရေးက အရောင်လင်းလာသည်။ ဆက်သွယ်လာသူက ဗိုလ်ဇာနည်ဖြစ်သည်။

" ဗိုလ်ချုပ် တာဝန်အောင်တယ် "

" အခြေအနေက "

" ဗိုလ်ထိန်လင်းနဲ့ဗိုလ်လေးက ဒဏ်ရာနဲနဲများတယ်။ ဗိုလ်ဝသုန်က လက်ကျန်ရှင်းနေပါပြီ။ ကျွန်တော်တို့ အခု အနောက်ဘက်ကမ်းပါးကို သွားနေပြီ "

တာဝန်အောင်ပြီဟုသိရသည်နှင့် ဗိုလ်ချုပ်မော်ကွန်းက အချက်ပြစက်လေးကို တန်းနှိပ်လိုက်တော့သည်။ ရေတပ်ဌာနချုပ်၌ အချက်ပြမီးလင်းလာသည့်အခါ စောင့်ကြည့်နေရသော တပ်သားလေးက ရေတပ်ဗိုလ်ချုပ်ထံ အမြန်ပြေးရတော့သည်။

 တော်ဝင်‌နိဒါန်း {The Royal's preliminary} Where stories live. Discover now