ရာထူးတိုးသွားသည့်အချိန်မှစ၍ ဗိုလ်ချုပ်မော်ကွန်း ရေတပ်-၃၃ကျွန်း၌ အလုပ်လက်မဲ့ ဖြစ်နေသည်မှာ ယခုဆို တစ်လခန့်ရှိသွားပြီ။
" ဗိုလ်ချုပ်ကွန်း ခဗျ။ ဗိုလ်ချုပ်ကျိုက်ထုံက သူ့ရုံးခန်းထဲ အခေါ်လွှတ်လိုက်ပါတယ် "
တပ်စုချုပ်တစ်ယောက်က အကြောင်းလာကြားခြင်း ဖြစ်သည်။ ဆက်သွယ်ရေးမှ မခေါ်လာပဲ အထူးတလည်အခေါ်လွှတ်ခြင်းဖြစ်သည့်အတွက် ဗိုလ်ချုပ်ကွန်းက ဌာနမှ ရွှေ့ပြောင်းစာ ကျလာခြင်းဖြစ်မည်ဟု ခန့်မှန်းလိုက်သော်ငြား အထင်နဲ့အမြင်မှာ ဆိုးရွားစွာ လွဲချော်နေပါသည်။
ဗိုလ်ချုပ်ကျိုက်ထုံ၏ ရှင်းပြချက်အပြီးမှာဖြင့် ဗိုလ်ချုပ်မော်ကွန်းလည်း ပြောစရာမဲ့ ဖြစ်သွားခဲ့ရသည်။
" ဆိုတော့ ကျွန်တော်က ဒီတာဝန်ကို မယူဘူးဆိုရင် သူတို့က ကျွန်တော့်ရာထူးကို တရားဝင်ခန့်ထားခြင်းမပြုသေးပဲ ဆိုင်းငံ့ထားမယ်။ ပြီးတော့ ဒါကလည်း အချိန်အကန့်သတ်မရှိ။ အဲ့လိုလား ဗိုလ်ချုပ် "
" မင်းလည်း ဌာနချုပ်က လူတွေအကြောင်းသိရဲ့သားနဲ့ "
" ထားပါ ထားပါ။ နားလည်တယ်။ ဒါပေမယ့် အခုကိစ္စက ကျွန်တော့်လို စစ်ရေးအရာရှိနဲ့ မဆိုင်ဘူးမဟုတ်လား။ တရားဥပဒေဘက်ကလူတွေနဲ့ပဲဆိုင်တာ။ စစ်တပ်ပါမှ ဖြစ်မယ်ဆိုရင် စစ်တပ်မှာရှိတဲ့ စစ်ဥပဒေရေးရာကလူတွေနဲ့ စုံစမ်းထောက်လှမ်းရေးကလူတွေကို လွှတ်လေဗျာ။ ရှေ့တန်းစစ်ရေးအရာရှိတစ်ယောက်က အဲ့ကိုဘာသွားလုပ်ရမှာလဲ။ ကျွန်းကြီးတစ်ခုလုံးကို လက်နက်ကြီးတွေနဲ့ ဖြိုချပစ်ရမှာလား "
" အစည်းဝေးသွားတက်တုန်းက ငါလည်း မင်း ပြောသလို မသက်ဆိုင်ဘူးလို့ ငြင်းလာတာပဲ။ ဌာနချုပ်ကရော၊ ရေတပ်ဌာနကပါ အမိန့်ချလာမယ်မှ မထင်တာ "
ဗိုလ်ချုပ်မော်ကွန်းမှာ သူ့လက်ထဲရှိ ဌာနချုပ်မှလာသည့် အိတ်ပိတ်စာကြီးကိုသာ မကျေမလည်ဖြင့် စိုက်ကြည့်နေသည်။
" အရေးမပါတာ။ ဗိုလ်ချုပ်လည်း တွေ့တယ်မလား။ အမိန့်စာက အရေမရအဖတ်မရ စကားတွေ။ ဒီကိစ္စက သူတို့ပြောသလိုဆို၊ ဟုတ်ပြီ လက်ခံတယ်၊ အခု လက်နက်မှောင်ခိုကိစ္စမှာ စံအိမ်တော်တစ်ခုခုကနေ ချုပ်ကိုင်နေတယ်လို့ သံသယရှိနေကြတယ်။ ဒါကြောင့် အမှုကိုင်မယ့်သူရဲ့နောက်ခံက စံအိမ်တော်ဖြစ်မှ ရမယ်။ ဒါပေမယ့်ဗျာ စံအိမ်တော်ကသူတွေက စစ်တပ်ထဲမှာအနည်းအများမက ရှိနေတာပဲလေ။ သူတို့ကကျ ကြားဝင်ပြီး ရန်သူမဖြစ်ချင်ကြဘူး။ ကျွန်တော့်ကိုကျ သွားဖြစ်ဆိုပြီး တွန်းလွှတ်တယ် "
YOU ARE READING
တော်ဝင်နိဒါန်း {The Royal's preliminary}
Kısa Hikayeခေတ်အဆက်ဆက်က လူကြီးတွေ ပြောကြတယ်။ ကံကြမ္မာက သတ်မှတ်ပြီးသား။ ကံပါလာရင် ရှောင်လွှဲလို့မရဘူး တဲ့။ ကံတရားကို အယုံကြည်မရှိတဲ့ ငါက လူတစ်ယောက်ကြောင့် အယုံကြည်ရှိလာတယ်။ " ဆုံတွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ် " တဲ့။ ငါ့အတွက်ကတော့ အဲ့စကားက နှုတ်ဆက်စကားဖြစ်နေခဲ...