🥦 Chapter 27

552 64 1
                                    

🥦 Chapter 27
🥦 Really salted fish  

အဆိုပါဂိမ်းသည် စိတ်ဝင်စားဖို့မကောင်းသော် လည်း ၎င်းတို့သဘောကျသည့် သူများဂိမ်းတွင်ပါဝင်နေကြသောကြောင့် မေးခွန်းများစွာဖြင့်အလွန်အသက်ဝင်နေကြသည်။

[Wealthy တို့ ဝတ်တဲ့ အဝတ်အစားတွေက ပစ္စည်းပျက်ကုန်ပြီ]

[အပေါ်ကတစ်ယောက်ရေ...နင်ရဲ့ အာရုံစူးစိုက်မှုက တော့ Amazing ပဲနော်!!!]

[ဟား...ဟား...ဟား... ငါလည်း အဲ့ဒါကို ဝယ်ဖို့ရှာလိုက်သေးတယ်၊ ဒီရသစုံရှိုးက နန်နန်ရဲ့အဝတ်ဗီရိုကြီးကိုလာပြီး ခင်းကျင်းပြသနေသလိုပဲ...!!!]

[ထူထူကိုကြည့်ရတာ အခုထိအိပ်ရေးမဝသေးတဲ့ပုံပဲ၊ သူ့ကို ခဏလေးပဲတွေ့ရသေးတယ်...!!!】

[ဟုတ်ပါ့၊ မနက်ကလည်း ထူထူတို့အိမ်ရဲ့တိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းမှာလည်း ရှုရှောင်းရှောင်းကိုပဲတွေ့လိုက်ရတယ်၊ ကလေးက နေမကောင်းဖြစ်နေတာတော့ မဟုတ်လောက်ပါဘူးနော်...!!!]

[ကလေးတွေက ကိုယ်ခံအားအရမ်းကောင်းတာ၊တစ်နေကုန်ပင်ပန်းနေရင်တောင် တစ်ညလောက်အိပ်လိုက်တာနဲ့အားပြန်ပြည့်သွားတယ်]

ဝန်ထမ်းများမှ ထူထူ ထူးဆန်းနေသည့်ပုံစံကိုသတိ ထားမိကာ အနီးသို့လျှောက်သွားလိုက်ပြီး

"မင်း အဆင်ပြေရဲ့လား ?" ဟုမေးလိုက်သည်။

ထူထူသည် မျက်ခွံများအလွန်လေးလံနေသည်ဟု ခံစားနေရပြီး စုဝေ နံနက်စောစောထွက်သွားပြီးနောက် ထူထူလည်းနိုးလာသည်။ ဖခင်ဖြစ်သူ နှင့်မနက်စာအတူတူစားသောက်ပြီးနောက် အပြင်သို့လိုက်ပို့ပေးပြီး ရှုရှောင်းရှောင်းဖျော်ပေးသည့်နွားနို့ကိုသောက်ပြီးသည်နှင့် ချက်ချင်းပင်အိပ် ပျော်သွားခဲ့သည်။

ထူထူ၏မသိစိတ်ထဲ ဝန်ထမ်းများမှ သူ၏နဖူးအား စမ်းကြည့်နေသလိုခံစားလိုက်ရပြီး ခန္ဓာကိုယ်အပူ ချိန်မှာလည်း ပုံမှန်သာဖြစ်နေသည်။

ရှုရှောင်းရှောင်းသည် ကလေး၏လက်များအားအလိုအလျောက်ဆုပ်ကိုင်လိုက်ပြီး

"သား ပါးပါးကိုတွေ့ဖို့ မနက်က စောစောထထားရတော့ အိပ်ရေးမဝဘူးဖြစ်နေတာ...!!!"

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now