🥦 Chapter 38

364 42 0
                                    

🥦 Chapter 38
🥦 They So Absolutely Got into A Fight

"အင်း…နင် ပြောတဲ့အတိုင်းပဲပေါ့…"

လူတိုင်းကျောင်းတက်စဉ်ကာလ၌ဆိုးသွမ်းလှသည့်ကိစ္စများကို လုပ်ဖူးကြလိမ့်မည်ဟု လင်းဝမ်ထင် သည်။ စုန့်ကျင့်တွင်လည်း လင်းဝမ်နှင့်ကျောင်းတတ်စဉ်ကာလအတွင်း အရှက်ရစရာအတိတ်တစ်ခုရှိကောင်းရှိနိုင်လိမ့်မည်။ လင်းဝမ် တိတ်တဆိတ်စိတ်အေးသွားသည်။

"ကျေးဇူးပြုပြီးတော့ တစ်ယောက်ယောက်ကမေးလာရင် ငါတို့ဆက်ဆံရေးကောင်းတယ်လို့ပဲဖြေပေးပါ" ဟုစုန့်ကျင့်မှ တောင်းဆိုလာသည်။

စုန့်ကျင့်၏စကားလုံးများသည် အခြားသောအဓိပ္ပါယ်များကိုထင်ရှားစွာသက်ရောက်စေသည်။

"အင်း...နင်ပြောတဲ့အတိုင်းပဲ ဖြေလိုက်ပါ့မယ်"

စုန့်ကျင့်သည် လင်းဝမ်အဘယ်ကြောင့်ယခုကဲ့သို့တိတ်ဆိတ်ငြိမ်သက်နေရသနည်းဟု အံသြသင့်သွားမိသည်။

"ငါ နင်နဲ့ Wechat ထဲမှာ အဆက်သွယ်ပျက်နေတာနှစ်အတော်ကြာနေပြီ၊ ငါတို့ အချင်းချင်းပြန်အပ် ထားပြီး အဆက်သွယ်လုပ်ကြရအောင် "

စုန့်ကျင့်သည် သူ၏ လက်ကိုင်ဖုန်းကိုထုတ်လိုက်သည်။

သူ(မ)ရဲ့အတန်းဖော်ဟောင်းတွေက မူလပိုင်ရှင်ရဲ့အတိတ်ကိုသိနေကြမလား ? ဟုလင်းဝမ်တွေးတောလိုက်သည်။

ထို့နောက် စုန့်ကျင့်၏ Friend Request အားသူ(မ) လက်ခံပေးလိုက်သည်။ သို့သော် Wechat သည်ယနေ့ခေတ်တွင် လူအသုံးများလှသဖြင့်သူ(မ) ခန္ဓာကိုယ်၏မူလပိုင်ရှင်သည် Gp Chat များတွင်အဘယ်ကြောင့်မပါဝင်ရခြင်းကို သူ(မ)အံ့အားသင့်မိသည်။

"နင် အတန်းဖော်တွေနဲ့ Group ဖွဲ့ပြီး စကားပြောဖြစ်လား ?"

ယေဘူယျအားဖြင့် အများစုသည် ၎င်းတို့၏ငယ်ဘဝကျောင်းတတ်ချိန်များကို Group Chat ထဲတွင် ဖောက်သည်ချရခြင်းကိုနှစ်သက်ကြသည်။လင်းဝမ်သည် ၎င်းတို့ထံ တစ်ခုခုဖုံးကွယ်ထားတာရှိလိမ့်မည်ဟုတွေးမိသည်။

စုန့်ကျင် အံ့ဩသင့်သွားပြီး

"အင်း...ငါ နင့်ကို Gp ထဲထည့်ပေးလိုက်မယ်၊ နင့်ရဲ့ Wechat ID ကဘယ်သူ့ဆီမှာမှ ရှိမနေတာနှစ်ပေါင်းများစွာကြာနေပြီလေ၊ အဲ့လိုမှ မဟုတ်ရင် ငါနင့်ကိုထည့်ပေးထားတာကြာပေါ့"

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now