🥦 Chapter 29

476 48 0
                                    

🥦 Chapter 29
🥦 cub so fierce

[ပေါက်စလေး လုံးဝစည်းကမ်းမလိုက်နာတာသိသာ နေပေမယ့်လည်း ဒီလို သေးသေးလေးနဲ့အရမ်းကြိုး စားနေတာကိုမြင်ရတာ ငါ စိတ်လှုပ်ရှားမိတယ်]

[လင်းဝမ်က ခုနစ်နှစ် ရှစ်နှစ်ကလေးနဲ့တောင် ယှဥ်လို့မရဘူး]

[ပေါက်စလေးက တိုက်ခိုက်တာတော့တကယ်တော်တယ်] 

[အကောင်ပေါက်လေး ရှောင်းရီကိုလုပ်ထားတဲ့ပုံစံကအရမ်းမိုက်တယ်၊ ရှောင်းရီ လှုပ်ရှားလို့သိပ်မရတော့ဘူး]

[အကောင်ပေါက်လေးကိုကြည့်ရတာ ရှောင်းရှောင်းပေါင်ပေါ်မှာ တွဲလျားလေးကျနေတဲ့ဆွဲသီးနဲ့တောင်တူနေသေးတယ်]

[ဟား...ဟား...ဟား...အရမ်းအသည်းယားဖို့ကောင်းတယ်]

[ခိုင်ခိုင်လေးကြီးပြင်းလာတဲ့အခါ တာဝန်ယူတတ်တဲ့ယောကျာ်းကောင်းဖြစ်လာမှာသေချာပေါက်ပဲ]

[အကောင်ပေါက်လေးက အရမ်းသန်မာလွန်းတယ်]

[သေချာတာကတော့ ရွှမ်ရွှမ်ရဲ့ညီလေးကလဲ သူ့အစ်ကိုပဲ အရည်အချင်းရှိတယ်] 

"ရှောင်းရီ...Out...!"

လူတိုင်းသည် လီကျို့ခိုင်၏ချစ်စဖွယ်အသွင်အပြင်အ‌ကြောင်းဆွေးနွေးနေချိန် ရုတ်တရက်ကြီး ရှောင်း ရီဖယ်ရှားခံရကြောင်း ရေဒီယိုမှသတိပေးချက်တစ်ခုထွက်ပေါ်လာခဲ့သည်။

[ဘာ...!!!? ]

[အရမ်းမြန်လွန်းတယ်]

[ရှောင်းရီရဲ့နာမည်ကတ်ကို တစ်ယောက်ယောက်ဆွဲဖြဲလိုက်တာလား...!!!]

နောက်ဆုံး ကင်မရာအားချဲ့ကြည့်လိုက်ရာ နာမည်ကဒ်ကိုင်ထားသည် လင်းဝမ်အားတွေ့လိုက်ရသည်။

[အဲ့မိန်းမ ခွာလိုက်တာလား ? သူ အနောက်မှာပဲ ပုန်းနေတာမဟုတ်ဘူးလား ?]

[သူ ဘယ်လိုများလုပ်လိုက်တာလဲ ?ရှောင်းရီရဲ့ပေါင်မှာ အကောင်ပေါက်လေးရှိနေတာ သူခွာလို့မရနိုင်ပါဘူး၊ ခိုးကြောင်ခိုးဝှက်နဲ့ သူဆွဲခွာလိုက်တာပဲ]

[ဒါက ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုပဲ၊ ကြည့်ကြည့် ...လီကျို့ရှင်းက အရှေ့မှာရှိနေတာ...]

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now