🥦 Chapter 32 : My brother's side face is crazy
လီကျို့ရွှမ် အလွန်စိတ်မသက်မသာဖြစ်သွားသည်။လီယန်ချန်သည် လီကျို့ခိုင်နှင့်အခန်းထဲသို့အရင်ဝင်လာခဲ့သည့်အတွက် ထိုအခိုက်တန့်အတွင်းဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေခဲ့သည်။ သူ့သားအကြီးဆုံးဖြစ်သူအား ခေါင်းငိုက်စိုက်လျက်တွေ့လိုက်ရသဖြင့်
"မင်း ဂစ်တာသွားမတီးဘူးလား" ဟုမေးလိုက်သည်။
"Boss လီ မစ္စလင်းကို ခွင့်မပြုဘူးလား ? သူ နေ့လည်စာ စားပြီးတာနဲ့နားချင်တယ်လို့ပြောသွားတယ်"
လီကျို့ရွှမ်သည် သူ့အဖေကြောင့် ယခုလိုဖြစ်ရတာဟုခံစားရသည့်အတွက် သူ့အားမြင်လိုက်သည်နှင့်စိတ်မသက်မသာဖြစ်နေသည်။
"အို...ဟုတ်လား ? စိတ်မပူပါနဲ့၊ မင်းလဲတစ်ရေးတစ်မောအိပ်လိုက်ဦးလေ"
လင်းဝမ်က သားအကြီးဆုံးရဲ့တောင်းဆိုချက်ကို ငြင်းပယ်ခဲ့တာများလား ?
လီယန်ချန်သည် သူ(မ)၏စိတ်အခြေအနေအနည်း ငယ်ပိုကောင်းလာသလိုထင်ရသည်။ သူ(မ) နောက် ဆုံးတော့ စကားပြောတတ်အောင် သင်ယူနိုင်ခဲ့ပုံရသည်။
လီကျို့ရွှမ်သည် သူ့အဖေအား ယခုလိုစိတ်အေးလက်အေးဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
"Boss လီ၊ ဒါ Boss မျှော်လင့်ထားတဲ့အတိုင်းပဲမဟုတ်လား ? ကျေနပ်သွားပြီလား ? ဘော့စ်တို့နှစ်ယောက်က တစ်ကယ့်ကိုစိတ်တူကိုယ်တူလင်မယားတွေပဲ ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ညီလေးတွေက Bossရဲ့သားအရင်းတွေမှဟုတ်ရဲ့လား ? အန်ကယ်…!!!"
"မင်း ပါးစပ်ကို ပိတ်ထားလိုက်…၊ မင်း ညီလေးတွေနဲ့ တခြားသူတွေ အခုထိမအိပ်ကြသေးဘူး…"
လီယန်ချန် အနည်းငယ်ထိတ်လန့်သွားသည်။
လီကျို့ရွှမ်သည် သူ့အဖေ အားမျက်လုံးအဝိုင်းသားဖြင့် ပြန်ကြည့်လိုက်ပြီး နေကာဦးထုပ်ရှည်ကိုဆောင်းကာ အပြင်သို့ထွက်လာခဲ့သည်။
[ရွှမ်ရွှမ် အပြင်ကိုထွက်သွားပြီ၊သူ လီယန်ချန်ကိုတိုင်ပြောနေတာများလား ? ဒါမှမဟုတ် နံရံနဲ့များတိုက်မိသွားတာလား၊ မျက်နှာသိပ်မကောင်းသလိုပဲ]
YOU ARE READING
အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်
Romanceဘာသာပြန် - အရွက်စားလေး🥦 (MB Team) Gp 1) 001 - 200 Completed ✅ Gp 2) 201 - 400 Ongoing