🥦 Chapter 24
🥦 That's itလီယန်ချန်သည် သားဖြစ်သူ၏အခန်းထဲရှိကုတင်ပေါ်၌လဲလျောင်းနေခဲ့သည်။
"Boss လီ၊ ကန်ထုတ်ခံလိုက်ရတာလား ?"
လီကျို့ရှင်းက နောက်ပြောင်လိုက်သည်။
သို့သော် လီယန်ချန် ဘာမှပြန်မပြောလာပေ။
လီကျို့ရွှမ်သည် ညီဖြစ်သူ၏လက်ကိုလှမ်းညှစ်လိုက်ပြီး
"သူ့ကိုသွားမနှောင့်ယှက်နဲ့" ထို့နောက် တိုးတိုးလေး ပြောလိုက်သည်။
"မတော်လို့ မစ္စလင်းအခန်းထဲပြန်သွားနေရင် ဘယ် လိုလုပ်မလဲ ?"
"Oh...!!! ဖေဖေနဲ့ ခုလို အတူတူအိပ်ရဖို့ဆိုတာရှားတယ်" ထို့နောက် လီကျို့ရှင်းဆက်ပြောလာသည်မှာ
"သား ဖေဖေနဲ့အတူတူ အိပ်လို့ရမလား ?"
လီကျို့ရှင်းသည် ကုတင်အသေးလေးပေါ်တိုးဝှေ့ ၀င်လိုက်သည်။
လီယန်ချန်သည် တစ်ဖက်လှည့်လိုက်ပြီး သူ့သားအားလှမ်းကန်လိုက်သည်။
“ပူတယ်...မင်း အိပ်ယာ မင်းပြန်သွား”
ကောင်လေးသည် ကုတင်ပေါ်မှလှမ်းကန်ခံလိုက်ရသဖြင့် အလျင်အမြန်ပင် သူ့ကုတင်ပေါ်သို့ပြန်တတ်လိုက်သည်။ လီကျို့ရွှမ်က ရယ်လိုက်သည်။
"ဥက္ကဌလီက ရူးနေတာ၊ သူ့ကိုသွားမရှုပ်နဲ့၊ စာအုပ်ဖတ်လေ ချက်ချင်းအိပ်ပျော်သွားလိမ့်မယ်"
"စာအုပ်တွေက ဘာစိတ်ဝင်စားစရာရှိတာကြလို့ ?"
လီကျို့ရှင်းထဲ ထိုသို့သောဝါသနာမျိုးမရှိပေ။
လီကျို့ရှင်းသည် သူ့အဖေအားကျောပေးလျက် ငါးမိနစ်အတွင်းအိပ်ပျော်သွားခဲ့သည်။
လင်းဝမ်သည် မီးဖိုချောင်အတွင်းမှ လက်ဖက် ရည်နှစ်ခွက်ပြင်ဆင်ပြီးနောက် သူ၏လင်ပါသားဖြစ်သူအား နေ့လည်ကဂစ်တာတီးသင်ပေးသည့်အတွက်ကျေးဇူးတင်သည့်အနေဖြင့် အတူတကွမြည်းစမ်းရန်လှမ်းခေါ်လိုက်သည်။
လီကျို့ရွှမ်သည် လင်းဝမ် သူ့အားဘာကြောင့်ခေါ်နေမှန်းမသိသော်လည်း သူ(မ)နောက်သို့လိုက်လာခဲ့သည်။ လီယန်ချန်သည် အိပ်မပျော်နိုင်သေးသဖြင့် အသံများကြောင့် ခေါင်းထောင်လိုက်ကာလှုပ်ရှားမှုရှိနေသည့် အခန်းထဲသို့ချီတုံချတုံဖြင့်ထွက်လာခဲ့သည်။
YOU ARE READING
အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်
Storie d'amoreဘာသာပြန် - အရွက်စားလေး🥦 (MB Team) Gp 1) 001 - 200 Completed ✅ Gp 2) 201 - 400 Ongoing