🥦 Chapter 50

311 41 0
                                    

🥦 Chapter 50
🥦 Who’s The Salted Fish?

ထူထူသည် မှေးစင်းနေသောမျက်လုံးများဖြင့် တံခါးပေါက်ဝတွင်ရပ်နေသည်။

“ဒယ်ဒီ...ဒယ်ဒီ…”

စုဝေသည် ရှုရှောင်းရှောင်းကို လွှတ်ချလိုက်ပြီးသူ့သားကိုလှမ်းဖမ်းလိုက်သည်။

“ထူထူ စကားအရမ်းနားထောင်နေတယ်လို့ ဒယ်ဒီ ကြားတယ်နော်၊ဒယ်ဒီ သားအတွက်လက်ဆောင်ဝယ်လာတယ်၊ လာ...အထဲဝင်ကြည့်ရအောင်၊"

[သူနဲ့ဝေးနေတာနှစ်ရက်လေးပဲရှိသေးပေမယ့်ထူထူသူ့အဖေဆီကိုပြေးလာတဲ့ပုံစံလေးက ငါမျက်ရည်တွေတောင်ဝဲလာပြီ]

[ငါရောပဲ!စုဝေက သူ့သားအပေါ်ရော သူ့မိန်းက လေး အပေါ်မှာပါ တကယ့်ကိုတော်လွန်းတယ်]

[သူ့ဇနီးဟောင်းနဲကွာရှင်းရတဲ့အကြောင်းရင်းအမှန်ကို တစ်ယောက်ယောက်များသိကြလား ? ဒီလောက်နားလည်မှုရှိပြီး စိတ်ရှည်တဲ့လူမျိုးကို ကွာ ရှင်းတာ မဖြစ်သင့်ဘူး]

[လူနှစ်ယောက်က တကယ်ကြီးအဆင်ပြေနေကြတယ်ဆိုရင်တောင် တစ်ယောက်နဲ့တစ်ယောက် ထာဝရပျော်ရွှင်နေရမယ်ဆိုတဲ့ အာမခံချက်မရှိဘူး]

[အပေါ်က တစ်ယောက်ပြောတာ အမှန်ပဲ]

[တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ကြည့်ကြစမ်းပါ၊သူ များရဲ့ကိုယ်ရေးကိုယ်တာဆက်ဆံရေးကို လိုက်စပ်စုမနေကြနဲ့]

စုဝေသည် ကင်မရာရှေ့မှာပင်သူ၏လက်ဆောင်ဘူးလေးကိုဖွင့်လိုက်သည်။သူသည် အလုပ်ကိစ္စဖြင့်မည်သည့်နေရာသို့ရောက်နေပါစေ ပြန်လာတာနှင့်သားဖြစ်သူအတွက်တော့ တစ်ခုခုဝယ်လာပေးတက်သည်။

[စုဝေက လျန်မြို့တော်ကိုသွားခဲ့တာလား ? အဲ့နေရာက ငါ့မွေးရပ်မြေပဲ၊အဲ့ကငါးခြောက်က ငါတို့ရဲ့အထူးဟင်းလျာပဲ]

[ဟုတ်တယ်...ဟုတ်တယ်...ငါဆို လျန်မြို့တော်မှာ ကောလိပ်ကျောင်းတက်တုန်းက အိမ်ကိုပြန်ယူသွားဖို့အတွက် ငါးခြောက်အမြဲဝယ်လေ့ရှိတယ်၊]

[ဒီတိုက်ရိုက်ထုတ်လွှင့်တဲ့အခန်းထဲမှာ  လျန်မြို့ တော်က လူတွေအများကြီးရှိနေကြတာပဲ၊ မင်္ဂလာပါ မြို့သူမြို့သားအပေါင်းတို့...]

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now