🥦 Chapter 39

327 44 0
                                    

🥦 Chapter 39
🥦 Did He Look Funny?

"Thank You"ဟု လီယန်ချန်နှင့်လင်းဝမ်တို့တညီ တညွတ်တည်း ပြောလိုက်သည်။

[လင်းဝမ်က အထက်တန်းကျောင်းတုန်းကကျောင်းအလှလေးလို့ ငါ ကြားတယ်၊ အဲ့ဒါအမှန်ပဲလား ?]

[လင်းဝမ်ကို လုံးဝမကြိုက်ပေမယ့် သူကတကယ်ကြီးကိုလှတာနော်...]

[အေးလေ...သူသာ မလှဘူးဆိုရင် လီယန်ချန်ကစိတ်ဝင်စားပါ့မလား ?]

အန်းအန်းသည် လီကျို့ရွှမ်ဘေးသို့လျှောက်သွားကာ ၎င်းတို့၏အနီးနားတွင်လည်း အခြားမည်သူမျှရှိမနေပေ။

"ကော... ညီမက ကောကိုအရမ်းလေးစားတာ၊ ဒီနေရာမှာ ကောနဲ့ ကစားခွင့်ရမယ်လို့ ညီမဖြင့် ယုံတောင်မယုံနိုင်ဘူး"

ကလေးမလေး၏ မျက်လုံးများသည် တောက်ပလာသည်။

[ကြယ် ကြယ် ချင်းဆုံကြတာ လိုက်ဖက်နေရော]

[အန်းအန်းရဲ့မျက်လုံးတွေကရွှမ်ရွှမ်ဆီကခွာတောင် မခွာတော့ပါလား...!]

"ကော၊ နောက်တခါဆုံရင် ညီရဲ့တယောပေါ်မှာလက်မှတ်ထိုးပေးလို့ရမလား ?"

လီကျို့ရွှမ်သည်တစ်ဖက်လူအားလျစ်လျူရှုပြီး ပေါင်းသင်းရန်ခက်ခဲသော လူတစ်ယောက်ဖြစ်သော် လည်း အန်းအနသည် သူ(မ)၏ချစ်ခြင်းမေတ္တာများကို သူ့အားစိတ်အားထက်သန်စွာဖော်ပြခဲ့သည်။

လီကျို့ရွှမ်သည်သူ(မ)၏စိတ်အားထက်သန်မှုကြောင့် စိတ်များရှုပ်ထွေး နောက်ကျိသွားသည်။သူ(မ)သည် သူညီငယ်နှင့်ပင် အသက်ရွယ်ချင်းတူညီနေပြီး Star တစ်ယောက်၏တာဝန်အားမည် သို့ထမ်းဆောင်ရမှန်း သူ ကိုယ်တိုင်ပင်မသိချိန်တွင် အန်းအန်းကတော့ သူနှင့်အဆက်အသွယ်လုပ်ဖို့ရာစိတ်အားထက်သန်နေခဲ့လေပြီ။

"ကော၊ကောက ညီမရဲ့စံပြပုဂ္ဂိုလ်ပါ..."

သူ(မ)သည် ယခုအချိန်မှာတိုက်ရိုက်ထုတ်လွှင့်နေ သည်ကိုမသိပဲ ထိုအကြောင်းရာများကိုသာ ထပ်ခါ ထပ်ခါအော်ပြောနေလေသည်။

"Thank You"

"တွေ့ရတာဝမ်းသာပါတယ်" ဟု လီကျို့ရွှမ် ပြန် ပြောလိုက်သည်။

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now