🥦 Chapter 35
🥦 This Might Be the Chance To Clear Your Nameလင်းဝမ်သည် ထိုသားအဖနှစ်ယောက်အတိုင်အ ဖောက်ညီစွာဖြင့် သူ(မ)အားအသီးလက်ဖက်ရည် လုပ်ခိုင်းရန် ကြံစည်နေမှန်းသဘောပေါက်သွားသည်။
မနေ့က လီကျို့ရွှမ်အား အသီးလက်ဖက်ရည်အကြောင်းမည်သူကိုမှ မပြောပြရန်ရှင်းရှင်းလင်း လင်းအသိပေးထားပြီးဖြစ်သော်လည်း ယခုမူ သစ္စာဖောက်သွားလေသည်။
လင်းဝမ်သည် သူ(မ)၏ပေါင်အားစိတ်ပျက်လက် ပျက်ရိုက်ပုတ်နေပြီး အကယ်၍ထိုလူများသာ သူ (မ)၏ အရည်အချင်းကိုသိသွားသည်နှင့်ရှေ့ဆက်ပြီး ယခုလောက်ဖြင့်။တင်းတိမ်နိုင်မည်မဟုတ်မှန်းသိနေသည်။ သူ(မ)၏ မူလကမ္ဘာရှိတိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းတွင် အချိုပွဲအသစ်တစ်ခုဖန်တီးပြသပြီးတိုင်း သူ(မ)၏ပရိသတ်များသည် နောက် ထပ်ထုတ်လွှင့်ပြချိန်တိုင်း အရှေ့ကအတိုင်းပြုလုပ်ပြရန်အပူကပ်လေ့ရှိသည်။ ယခုမူလည်း ထိုအတိုင်းပင်။
မူလကမ္ဘာတွင် သူ(မ)မည်မျှခက်ခဲပင်ပန်းခဲ့ကြောင်းကိုတွေးတောရင်း နောက်ဆုံးထိုအထဲမှာပဲပိတ်မိရင်းသေပင်သေသွားနိုင်သည်။ ယခု သူ(မ)သည်ချမ်း သာသည့်မိန်းမအဖြစ်သို့ကူးပြောင်းလာခဲ့ပြီး ပျင်းရိစွာဖြင့်ဘဝကို အေးအေးချမ်းချမ်းသာဖြတ်သန်းလိုက်ချင်တော့သည်။
လင်းဝမ် လှဲလျောင်းနေရာမှထထိုင်လိုက်ကာ
"ကျွန်မ လမ်းလျှောက်ထွက်လိုက်ဦးမယ်"
"မစ္စလင်း၊ ကျွန်တော်လည်းလိုက်မယ်လေ"
လီကျို့ရွှမ်သည် သူ(မ)အားကြည့်ရသည်မှာ အလွန်စိတ်ဆိုးနေပုံမပေါ်သဖြင့်
“ဘာလိုက်လုပ်မလို့လဲ ?”
"မင်း အပူရှပ်လာတာမဟုတ်ဘူးလား ? သေချာအနားယူလိုက်ဦး" ဟု လင်းဝမ် ပြုံးကာအကြံပေးလိုက်သည်။
ပြီးနောက် သူ(မ)၏ဆံပင်ကိုမြင်းမြီးကဲ့သို့ပင့်စည်းလိုက်သည်။
"ကျွန်တော် အခုနေလို့ကောင်းနေပါပြီ"
လီကျို့ရွှမ် မတ်တတ်ထရပ်လိုက်သည်။ လင်းဝမ်အားအသီးလက်ဖက်ရည်ပြုလုပ်ပေးရန် စည်းရုံးရမည်ဖြစ်ရာ ဖခင်ဖြစ်သူအတွက်ပါတောင်းဆိုပေးရ မည်ဖြစ်ရာ ရှက်စရာကောင်းသည်တော့အမှန်ပင်။
YOU ARE READING
အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်
Romanceဘာသာပြန် - အရွက်စားလေး🥦 (MB Team) Gp 1) 001 - 200 Completed ✅ Gp 2) 201 - 400 Ongoing