🥦 Chapter 45
🥦 She Sure Knows How to Run Her Mouthရှမိုသည် နောက်ဆုံးတော့ ရှန်းမန်စကားများ၏ ဆိုလိုရင်းအဓိပ္ပါယ်ကို သူ(မ)ထွက်မသွားခင်ပင်နားလည်သွားသည်။
လင်းဝမ်သည် ရိုးရှင်းသောလူမဟုတ်သော်လည်း သူ(မ)သည်ရှုပ်ထွေးလွန်းလှသည်။သူ(မ)သည်လူတိုင်း တွေးထင်ထားသကဲ့သို့ ငါးဆားနှယ်နှင့်မတူပေ။ သူတော်ကောင်းယောင်ဆောင်ပြီး လူတွေ၏ အကောင်းမြင်သည့်ဘက်သို့ ရောက်အောင်ကြိုးစားနေသည့် လူအမျိုးအစားလည်းမဟုတ်သလို သူ(မ) ထံမှ ဟိတ်ဟန်များလည်းရှိမနေပေ။
မနေ့က သူ(မ) ပြုလုပ်ထားသည့်အသီးလက်ဖက် ရည်အိုးသည် အလွန်အရသာရှိပုံပေါ်သည်။ ရှမို၏ မျက်လုံးများသည်လည်း လင်းဝမ်အားမြတ်နိုးမှုများဖြင့်ပြည့်နှက်နေသည်။ သူ(မ)လည်း လင်းဝမ်အရွယ်လောက်တုန်းက အချိုပွဲများနှင့်သာ ထိတွေ့ခွင့်ရခဲ့ပြီး နောက်ထပ်ဆယ့်နှစ်နှစ်အကြာတွင် သူ့ကိုယ်သူသာ မှီခိုအားထားရတော့သည်။ လွန်ခဲ့သည့်နှစ်ရက်က သူ(မ)သည်လင်းဝမ်ရှေ့မှာပင် သူ(မ)၏ စွမ်းရည်များကိုပြသခဲ့ဖူးသည်။
ရှမိုတွင် သေချာပေါက်အကြံတစ်ခုရှိနေသည်။ အ ကယ်၍ နပိုလီယံကိတ်မုန့်သည် ယခုတစ်ကြိမ်တွင် အောင်မြင်ခဲ့ပါက လင်းဝမ်အား သူ(မ)၏ Mentor အဖြစ်တောင်းဆိုမည်ဖြစ်သည်။
နပိုလီယံကိတ်မုန့်နှင့်ပတ်သက်ပြီး အလွန်ခဲယဥ်းနေ လေသလားဟု လင်းဝမ်နားမလည်နိုင်အောင်ဖြစ်နေခဲ့ပြီး ရှမိုလည်း သူ(မ)အားဘာကြောင့်ယခုလောက်ထိသဘောကျနေသနည်းဟု တွေးတောနေမိသည်။
'ဒီကမ္ဘာမှာ တခြားထူးချွန်တဲ့အချိုပွဲစားဖိုမှူးတွေမရှိဘူးလား...?'
“Oven ထဲက တစ်လုံးက အခုကောင်းလောက်ပြီ...အဲ့ဒါ ငါ့ကိုပေးပါ"
လင်းဝမ်သည် ရှမိုလက်ထဲမှ နပိုလီယံကိတ်မုန့်အားစိုက်ကြည့်နေသည်။
“ ရော့...ဒီမှာ ယူလေ”
ရှမိုသည် လင်းဝမ်အားကိတ်မုန့်အားလှမ်းပေးလိုက်ပြီး အလွန်ရှက်ရွံသွားသည်။
"ငါ အခုပြန်လိုက်ဦးမယ်"
လင်းဝမ်သည် ရှားမိုမှ ကိတ်မုန့်အကြောင်း အဆက်မပြက်ပြောဆိုနေသဖြင့် ထွက်ခွာဖို့ရန်ဆင်ခြေရှာလိုက်သည်။ သူ(မ)သည် လင်းဝမ်ပြောသမျှအား မှတ်ထားဖို့ရန် မှတ်စုစာအုပ်တစ်အုပ်တောင်ယူလာခဲ့သေးသည်။ သို့သော်လင်းဝမ်မှာလည်းတခြားလုပ်စရာများရှိနေသေးသည်။
YOU ARE READING
အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်
Romanceဘာသာပြန် - အရွက်စားလေး🥦 (MB Team) Gp 1) 001 - 200 Completed ✅ Gp 2) 201 - 400 Ongoing