🥦 Chapter 20

672 70 2
                                    

🥦 Chapter 20
🥦 Why can't Ms. Lin learn to cook

လူတိုင်းသည် ညစာစားပွဲ၌စားသောက်ရင်းအလုပ်ရှုပ်နေကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအား အာရုံစိုက်ဖို့ရာအချိန်မရှိတော့ပေ။

 
ရှန်းမန်မှ အားလုံးအားနှုတ်ဆက်စကားဆိုရင်း
 

"အားလုံးအဆင်ပြေမယ်ဆိုရင်၊ မနက်ဖြန် ကျန်တဲ့မိသားစုနှစ်စုကိုပါခေါ်လိုက်ပြီးတော့နေ့လည်စာအတူ တူစားကြရအောင်၊ အဲ့အချိန်ကြအားလုံးအတူတူရှိရအောင်"

 
လီယန်ချန်သည်မည်သည့်စကားမှပြန်မပြောနိုင်ခဲ့ပေ။ ယခုကဲ့သို့မိသားစုစည်းဝေးပွဲမျိုးသည် သူ့ အနေဖြင့်ပထမဆုံးတက်ရောက်ဖူးချင်းဖြစ်ပြီး ဤနေရာသို့မလာခင်အချိန်ထိ ၎င်း၏ပုံရိပ်အားထိန်းသိမ်း ထားနိုင်တုန်းဖြစ်သည်။ လင်းဝမ်သည် အလွန်အရှက်အကြောက်ကြီးပြီးပေါင်းသင်းဆက်ဆံရေးမရှိ သောကြောင့် အခြားသူ၏နေအိမ်တွင် ထမင်းနှစ်နပ်ဆက်တိုက်စားရလိမ့်မည်ဟု သူ မထင်ခဲ့မိပေ။

 
သို့သော် သူ အထင်မှားသွားခဲ့သည်။ လင်းဝမ်သည် ကော်ကော်အားစတင်ကမ်းလှမ်းခဲ့သူဖြစ်သည်။ လီယန်ချန်ပဟေဠိဖြစ်နေစဥ် လင်းဝမ်သည် ရှမ်းမန်နှင့်သဘောတူညီမှုရရှိခဲ့ပြီး ကျန်ရှိနေသည့်နှစ်ရက် အား ရှမ်းမန်တို့နေအိမ်တွင်ကုန်ဆုံးမည်ဟုပင်ပြောခဲ့သေးသည်။

 
သူ(မ)၏အမူအရာသည်လုံးဝထူးခြားသည့်ပုံမပေါ်သလို စိတ်ဓာတ်ကျနေသည့်သူတစ်ယောက်နှင့်လည်း လားလားမှတူမနေချေ။

 
လီယန်ချန်သည် ငြင်းပယ်ရန်အချက်ပြခဲ့သော်လည်း လင်းဝမ်သည် မထီမဲ့မြင်ပြုကာဂရုမစိုက်ကြောင်း ပြသလာခဲ့သည်။
 

ယခင်က သူ(မ)သည် ကိုယ့်ကိုကိုယ်မလွတ် မြောက်နိုင်သောကြောင့် လောကကြီးအားဂရုမစိုက်ဘဲ သူ(မ)၏ကိုယ်ပိုင်ကမ္ဘာထဲ၌သာအမြဲနှစ်မြုပ်နေခဲ့ပြီး ကိုယ်တိုင် ရုန်းထွက်ရန်လည်းမကြိုးစားတော့ပေ။ ယန်ချွန်းတွင် သူ(မ)၏ဆွေမျိုးများနှင့်သူငယ်ချင်းများမရှိချေ။ ယခုလက်ရှိအချိန်ကာလတွင်မူ သူ(မ) သည်လောကကြီးအားဂရုစိုက်လာသော်လည်း မလွတ်မြောက်နိုင်သေးပေ။ ငါ့ အကြောင်းပြောရင် လည်း ငါ့ ကိစ္စမဟုတ်ဘူးဆိုပြီးအေးအေး ဆေးဆေးနေလို့မရဘူး၊ ဒါ US မဟုတ်ဘူးလေ…

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now