🥦 Chapter 8

1K 111 0
                                    

🥦 Chapter 8
🥦 So Cruel to His Son
 

ထူထူသည် စုဝေ၏ရှပ်အင်္ကျီထောင့်စွန်းကို ဆွဲကိုင်ထားလိုက်သည်။

“ထူထူ ဖေဖေ ရေသောက်ချင်လို့ ရေတစ်ခွက်လောက်ယူပေးပါလား"

စုဝေ သူ(မ)အားနှစ်သိမ့်ပေးလိုက်သည်။

[စုဝေက တော်တယ်မှတ်လား ? သူက ရှေ့မှာဘယ် လိုအဖြစ်ပျက်တွေပဲရှိရှိ သူ ဂရုစိုက်မှာမဟုတ်ဘူး]

စုဝေသည် ကျင်ထန်မီဒီယာ၏ သူဌေးတစ်ဦးဖြစ်ပေမယ့်လည်း ရှုရှောင်းရှောင်းအတွက် ပြီးပြည့်စုံ အောင် အကောင်းဆုံးမလုပ်ပေးနိုင်သေးသလိုခံစား လိုက်ရသည်။ သူ(မ)ကိုကြည့်ရသည်မှာ ယခင်က ထက်ပင် အနည်းငယ်ပိန်လာသည်ဟုပင် သူ ထင်မိသည်။

 
လွန်ခဲ့သည့် တစ်နှစ်ခန့်က ၎င်း၏ဇနီးဟောင်းဖြစ်သူသည် ကွာရှင်းရန်တောင်းဆိုခဲ့ပြီး ထိုကိစ္စပြီးသည့် နောက်ပိုင်းတွင် သူတို့အချင်းချင်း စကားအနည်း ငယ်မျှသာပြောဆိုတော့သည်။ ထို့နောက်စုဝေသည် ရှုရှောင်းရှောင်းနှင့် တွေ့ဆုံပြီးနောက်ပိုင်း မြင်မြင်ချင်းချစ်ကြိုက်မိသွားခဲ့သည်။ သူ ကွာရှင်းပြီးနောက် သူ(မ)နှင့် လူသိရှင်ကြားတွဲခဲ့ကြသည်။ သို့ သော် လူတိုင်း၏အမြင်တွင် ရှုရှောင်းရှောင်းသည် သူ့အိမ် ထောင်ရေးကိုပြတ်စဲစေခဲ့သည့် အဓိကတရားခံဟုသာ ထင်နေကြသည်။ ရှုရှောင်းရှောင်မှာ ဘာအပြစ်မှ မရှိပေမယ့်လည်း စုဝေ၏မိခင်ဖြစ်သူက ရှုရှောင်းရှောင်းသည် ၎င်းတို့မိသားစုအသိုက် အမြုံကိုဖျက်ဆီး ပစ်ခဲ့သည့်သူဟုသာ မှတ်ယူထားသည်။

ထူထူနှင့်ပေါင်းသင်းဆက်ဆံရသည်မှာ မည်မျှခက် ခဲကြောင်း စုဝေသိထားသည်။ ရှုရှောင်းရှောင်သည် မနေ့ညတိုက်ရိုက်ထုတ်လွှင့်မှုအချိန်အတွင်း အိမ်သို့သာ ပြန်ချင်နေခဲ့သည်။ ဒီနေ့လည်း သူ့သားက သူ(မ)ကို အပြစ်ပြောဖို့ ကြိုးစားနေပြန်သည်။ သူ ထူထူကိုဆုံးမဖို့ကြိုးစားလိုက်တိုင်း ရှုရှောင်းရှောင်း သည် ထူထူက ကလေးပဲရှိ ဘာမှသိနားလည်သေးတာမဟုတ်ဘူးလို့ ကာကွယ်ပြောဆိုပေးခဲ့သည်။

 
ထူထူ ဖန်ခွက်ထဲရေလောင်းထည့်လိုက်သည်။ ဖခင်ဖြစ်သူနှင့် ရှုရှောင်းရှောင်းတို့စကားများပြီး သတ် ပုတ်နေကြမည်ဟုမျော်လင့်ထားခဲ့သော် လည်း ထိုသို့မဖြစ်ဘဲ ပျော်ရွှင်စွာအတူတကွလုပ်ကိုင်နေကြ သည်ကို မြင်လိုက်ရသောအခါ ကောင်လေးသည် ဒေါသတကြီးခြေဆောင့်ကာ ရေခွက်ကိုမြေပြင်ပေါ် သို့ပစ်ပေါက်ထုတ်လိုက်သည်။

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now