🥦 Chapter 42
🥦 Body Felt a Little Heavyလီယန်ချန်သည် အကြီးဆုံးသားအား လှမ်းမခေါ်သေးမီ ပါးစပ်ထဲသို့ကြက်ဥပေါင်းအားထည့်ခါနီးဆဲဆဲဖြစ်နေပြီး လီကျို့ရွှမ်မှအရှိန်ပြင်းသောမြှားတစ်စင်းကဲ့သို့တဟုန်ထိုးပြေးထွက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လီကျို့ရွှမ်သည် တိတ်ဆိတ်ငြိမ်သက်စွာနေတတ် သည့် ကလေးဖြစ်သည်။ သူ့အတွေးနှင့် စိတ်ခံစားချက်များကိုတခြားသူများရှေ့တွင် ထုတ်ပြောရတာမျိုးမကြိုက်ပေ။ သို့သော် ဖခင်နှင့်ညီလေးများအ တူတကွပျော်ပျော်ပါးပါး စားသောက်နေကြသည်ကိုမြင်လိုက်ရသောအခါ သူ့တစ်ယောက်တည်း ပစ် ပယ်ခံထားရသလို မခံမရပ်နိုင်ဖြစ်သွားပြီး သူ့ခံစားချက်များအား မထိန်းချုပ်နိုင်တော့ပဲပေါက်ကွဲသွားတော့သည်။
ဤနေရာ၏မီတာတစ်ရာခန့်အကွာတွင် တောအုပ်တစ်ခုရှိသည်ကိုသူသိထားပြီး ထိုနေရာ၌ကင်မရာများမရှိသည့်အတွက် ၎င်းသို့တန်းတန်းမတ်မတ်ကြီးပြေးဝင်သွားလေသည်။
လီယန်ချန်သည် သူ့အား H နိုင်ငံသို့ ပြန်ခေါ်လာပြီးကတည်းက မည်သို့ပင်အလုပ်ကြိုးစားနေပါစေ မည်မျှပင်ထူးချွန်နေပါစေ ဖခင်ဖြစ်သူထံမှ ချီးကျူးစကားတစ်ခါမှပင်မကြားဖူးခဲ့ပေ။ သူသည် သူ့ညီများကြားထဲမှ ဖခင်အရင်းအားမှတ်မိနေသည့်တစ်ဦးတည်းသောသားဖြစ်နေသောကြောင့် ယခုလိုဆိုးဆိုးရွားရွားခံစားနေရသလားဟု သူတွေးမိသည်။
လင်းဝမ်လည်း အံသြသင့်သွားပြီးမှင်သက်နေမိ သည်။ သူ(မ)အရင်ဆုံးဘာမှပြန်မပြောနိုင်ခင်မှာပဲ ကလေးသည် အရှိန်ပြင်းပြင်းဖြင့်ပြေးထွက်သွားပြီးမှုန်ဝါးဝါးသာမြင်ရတော့သည်။ သူ(မ)၏ကိုယ်ပိုင်ကမ္ဘာလေပြိုကွဲလုနီးပါးဖြစ်ခဲ့သည့် အချိန်တုန်းကလည်း ယခုကဲ့သို့ပင်ပြုမူခဲ့ဖူးသည်ကို ပြန်အမှတ်ရမိသည်။ သူ(မ)၏ဆိတ်ကွယ်ရာအရပ်ကို ရှာဖွေပြီး လူတိုင်းကိုကျော်ဖြတ်ခဲ့သည်။
"ဒယ်ဒီ...ကိုကို ထွက်ပြေးသွားပြီ"
လီကျို့ခိုင်သည် သူ၏တူများကိုအောက်သို့ပစ်ချလိုက်သည်။
YOU ARE READING
အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်
Lãng mạnဘာသာပြန် - အရွက်စားလေး🥦 (MB Team) Gp 1) 001 - 200 Completed ✅ Gp 2) 201 - 400 Ongoing