🥦 Chapter 33

441 48 1
                                    

🥦 Chapter 33
🥦 I want to drink fruit tea  

ညနေသို့ရောက်သောအခါ ကလေးများအတူတူစုကာကစားနေကြပြီး ထူထူအားမြင်ရသည်မှာစွမ်း အင်များပြန်လည်ပြည့်ဝလာပုံရသည်။ လီကျို့ရွှမ်သည် ရေတွင်းထဲရှိစပျစ်သီးနှစ်ခိုင်နှင့်ပတ်သတ်ကာအလွန်တွေးတောနေပုံရပြီး လင်းဝမ်အားမည် သို့ပြောပြရမည်ကိုစဥ်းစားနေသည်။

ထူထူ၏အိမ်၌ နန်နန်သည်ရှားရှားပါးပါးရရှိခဲ့သည့်အားလပ်ချိန်အားအခွင့်ကောင်းယူကာ ရှုရှောင်း ရှောင်းနှင့် ခဏတာစကားထိုင်ပြောနေခဲ့သည်။

နှစ်ယောက်သား ကင်မရာမရှိသည့်အိမ်နောက်ဖေးဘက်ကိုရွေးလိုက်ချယ်လိုက်သည်။

"ငါ နင့်ကို အရမ်းအားကျတာပဲ၊ နင်က Wealthyနဲ့အပေးအယူမျှပြီး၊ အရမ်းအဆင်ပြေတယ်"

ရှုရှောင်းရှောင်းသည် မနာလိုဖြစ်ကာ စိတ်မကောင်းဖြစ်နေခဲ့သည်။ သို့သော် သူ(မ)၏ မနာလိုမှုသည်ရိုးရှင်းကာ ထူထူအတွက်အများကြီးကြိုးစားလုပ်ပေးခဲ့သော်လည်း ထူထူနားမလည်ပေ။

နန်နန်သည် မလုံမလဲဖြင့်ပြုံးပြလိုက်ပြီး ရှုရှောင်းရှောင်၏အရှေ့တွင် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ချင်သော်လည်း  ရှုရှောင်းရှောင်းအား ယခုအချိန်တွင် ယုံကြည်ပြီးရင်ဖွင့်လိုက်ဖို့ရာအဆင်ပြေမှပြေပါ့မလား ?

"ကလေးတွေက အချော့ကြိုက်တယ်၊ မိန်းကလေးဆိုပိုလို့တောင်လွယ်သေးတယ်…"

နန်နန်သည် သူ့နှလုံးသားနှင့် ဆန့်ကျင်ပြီးပြောလိုက်သဖြင့် သူနှင့် Wealthy တို့ကြား အခြေအနေသည်အလွန်ပရမ်းပတာဖြစ်နေမှန်းမသိသာခဲ့ပေ။

"ငါ့လောက်ချော့တာ ငါပဲ ရှိတယ်… အရုပ်တွေလည်းအများကြီးဝယ်ပေးတယ်…သူ့အမေရင်းထက်တောင် ဘေးမှာပိုရှိပေးသေးတယ် ဒါပေမယ့် နင် မြင်တဲ့အတိုင်းပဲလေ… ထူထူက ငါ့ဆို ရန်သူလိုပဲဆက်ဆံတယ်"

ရှုရှောင်းရှောင်းသည် ပြောရင်းပြောရင်းဝမ်းနည်းလာသည်။

နန်နန် ပခုံးတွန့်ပြလိုက်ပြီး အရေးမပါသည့်ဟန်ဖြင့်

"ဟေး…ရှုရှောင်းရှောင်း…နင် ဘာမှ စိတ်ဓာတ်ကျစရာမလိုဘူး၊ ငါတို့က အမေအရင်းမှ မဟုတ်တာ၊တကယ်လို့ အမေရင်းဖြစ်နေရင်တောင် အခုလိုအ ခြေနေမျိုးက ရှောင်လွဲလို့ရမှာမဟုတ်ဘူးလေ၊နင်လဲ အစွမ်းကုန်ကြိုးစားခဲ့ပြီးပြီပဲ လိပ်ပြာသန့်သန့်နဲ့သာနေစမ်းပါ၊ ကလေးက ငယ်သေးလို့ပါအချိန်တန်ရင်နားလည်လာလိမ့်မယ်”

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now