🥦 Chapter 34

432 57 0
                                    

🥦 Chapter 34 : Overthinking

"ကောင်းပြီလေ အစ်ကို၊ အစ်ကို့ကိုကြည့်ရတာ ခုနကထပ်တော့ နည်းနည်းအဆင်ပြေလာသလိုပဲ ၊အာ့ဆို ခိုင်ခိုင်ကစားလိုက်ဦးမယ်၊ အစ်ကို ခဏအ နားယူလိုက်ရင် အားပြန်ပြည့်လာမယ်လို့ ခိုင်ခိုင်ထင်တယ်၊ အဖေနဲ့အရင်ပြန်နှင့်ပြီး အနားယူလိုက်လေ၊ခိုင်ခိုင်တော့ ခဏလောက်ကစားလိုက်ဦးမယ်”

လီကျို့ခိုင်သည်  လီကျို့ရွှမ် ဘာတွေလုပ်နေမှန်းမသိပေ။

ကျူတောအတွင်းရှိ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိပရိသတ်များသည် လီကျို့ရွှမ်အားလိုက်လံရှာဖွေနေကြသည်။

[ရွှမ်ရွှမ် ဘယ်မှာပုန်းနေတာလဲ ? လီယန်ချန်ကရော ဘာလို့ သူ့ကိုကူညီပေးနေရတာလဲ ?]

[ဟယ်…!!! သူ ချော်လဲသွားတာလား ? အဲ့နားလေးကအန္တရာယ်များတယ်လို့ ငါ မပြောဘူးလား]

[ဘေဘီရွှမ်က လီယန်ချန်ရဲ့ပခုံးကိုမှီထားပြီး ဘာကြောင့် ကျေနပ်နေတဲ့အပြုံးနဲ့ပြုံးနေတာလဲ ? ငါပဲအမြင်မှားနေတာလား ?]

[သူ ရယ်နိုင်သေးတာလား ? ချော်လဲသွားတာသေ ချာပါတယ်၊ သူ့အဝတ်အစားပေါ်က ရွှံ့တွေကိုလဲကြည့်လိုက်အုန်း]

[F * ck၊ မင်းကို နောင်ဆိုအဲ့လိုအန္တရာယ်ရှိတဲ့နေရာမျိုးတွေကို သွားဖို့ခွင့်မပြုဘူး၊ မင်း မျက်နှာကိုတစ် ခုခုနဲ့များခြစ်မိသွားရင် ဘယ်လိုလုပ်မလဲ ?]

[ဒါရိုက်တာ၊ ကျေးဇူးပြုပြီး  ရွှမ်ရွှမ်နောက်ကို ကင် မရာနဲ့လိုက်ရိုက်ပေးပါ၊ အဲ့လိုမှမဟုတ်ရင် ငါတို့ ဒီက line out တော့မယ်]

Screen ပေါ်တောက်လျှောက်တက်နေသည့်မြန်ဆန်လွန်းသော ပရိသတ်များ၏မှတ်ချက်ကိုစောင့်ကြည့်နေပုံရပြီး ကင်မရာသမားသည် လီကျို့ရွှမ်နောက် သို့လိုက်နေဆဲဖြစ်သည်။ ကြည့်ရှုသူများသည် ချန်နယ်မှ မှတ်ချက်အသွားအလာများစွာကို စုဆောင်းထားမှန်းသိရှိပြီးသားဖြစ်၍ ထိုအရာသည်ပင် Show ၏အားသာချက်တစ်ခုဟုဆိုရမည်။

လီကျို့ရွှမ်သည် သက်တောင့်သက်တာမရှိသဖြင့် ဖခင်ဖြစ်သူအား သတိထားစိုက်ကြည့်လိုက်သည်။

အသုံးမ၀င်သောမိထွေးအား လင်ပါသားများမှ Reality TV Show သို့ခေါ်ဆောင်လာခဲ့သည်Where stories live. Discover now