🔥2🔥

33 11 9
                                    

🔥2🔥 U

" hello "

" ဘယ်သူလဲ မသိဘူး "

" အကိုလား "

" ဘယ်က အကိုကို လာမေးနေတာလဲ မသိဘူး အိပ်ချင်ပါတယ်ဆိုမှ "

" ဟို အကို ကျွန်တော်လေ "

" မသိဘူး ဘာအကိုမှလည်း မရှိဘူး ဖုန်းမှားနေတယ် ဒါပဲ "

ဟောက်ပြီး ချသွားသော ဖုန်းကို ကြည့်ကာ haruto ကြောင်အအလေး ဖြစ်နေလေသည်။ ဒါက အကို့နံပါတ်ဆိုတာ သူသိပါသည်။ မှားမှာစိုးလို့ အကြိမ်ကြိမ် တိုက်စစ်ထားတာကို။ တဖက်က အသံကလည်း အကို့အသံမှန်း သူမသိပဲ နေမလား။ အိပ်ချင်မူးတူးနဲ့ဆိုတော့ မမှတ်မိတာနေမှာပါ။ သူကလည်းနော် အကို အိပ်နေတဲ့ အချိန်မှပဲ သွားဆက်မိရသလား။ သူ့ကြောင့် အကို အိပ်ရေးပျက်သွားတော့မှာပဲ။

သူလည်း ပြန်မဆက်တော့ပဲ နံရံပေါ်က အကို့ ပုံလေးတွေကိုသာကြည့်ပြီး အလွမ်းဖြေနေခဲ့သည်။ ဒီရက်တွေထဲ အကို့နောက်ကို တကောက်ကောက်လိုက်ပြီး အကို့ပုံလေးတွေ ခိုးရိုက်ထားတာမို့ အိပ်ခန်းနံရံမှာ အကို့ပုံလေးတွေ အပြည့်ဖြစ်နေလေပြီ။

ဒေါက် ဒေါက်

" harutoရေ ဒယ်ဒီက စကားပြောချင်လို့တဲ့ အောက်ကို ဆင်းလာခဲ့နော် "

အကို့ပုံလေးတွေကို ကြည့်ပြီး ပြုံးနေတုန်းရှိသေး တံခါးခေါက်သံကြားလို့ မျက်နှာပျက်သွားရသည်။ လာခေါ်သည်က တခြားသူမဟုတ် သူ့အကို yoshiပင်။

yoshiက သူ့အကိုအရင်းတော့ မဟုတ်။ မေမေ့အကိုရဲ့ သား။ ဦးလေးနဲ့သူ့ဇနီးက yoshiကို မွေးပြီး သိပ်မကြာခင်ဆုံးသွားတော့ မေမေနဲ့ ဖေဖေက မွေးစားထားခြင်းပင်။ yoshiကို မွေးစားပြီး ၇နှစ်လောက် ကြာမှ သူ့ကို မွေးတာဖြစ်သည်။ ထို့ကြောင့်အခု သူက၁၅နှစ်ပဲ ရှိသေးပေမဲ့ yoshiကတော့ ၂၃နှစ်တောင် ပြည့်ပြီးပြီဖြစ်ကာ ကိုယ်ပိုင် ကုမ္ပဏီကိုပင် ဦးစီးနေလေပြီ။

မွေးစားသားဆိုပေမဲ့လည်း သားအရင်းလိုပင် ဒယ်ဒီက ဂရုစိုက်သည်။ ချစ်ပေးသည်။ မိန်းမရဲ့ တူဆိုတော့ သူနဲ့သွေးသား မတော်စပ်ဘူးဆိုပြီး ခွဲခြားဆက်ဆံခြင်း မျိုးလည်းမရှိ။ မေမေက ruto ၁၀နှစ်သားထဲက ဆုံးသွားခဲ့တာ ဖြစ်ပြီး စံအိမ်ကြီးအတွင်း သူတို့ သားအဖ၃ယောက်သာ ကျန်ခဲ့လေသည်။

Villain ( ဗီလိန္ / ဗီလိန် )Where stories live. Discover now