🔥1🔥

32 8 2
                                    

U

🔥1🔥

ကောင်းကင်ကြီးက မည်းမှောင်ကာ မိုးများက သည်းကြီးမည်းကြီး ရွာသွန်းနေသော မနက်ခင်းတစ်ခုတွင် ဖြစ်သည်။ ကတ္တရာလမ်းမထက်ဝယ် အရှိန်မနှေးမမြန်ဖြင့် ကားလေးတစ်စီးက မောင်းနှင်နေခဲ့ပါသည်။ မနက်ခင်းနဲ့ပင် မတူအောင် မိုးများအုံ့မှိုင်းနေတာကြောင့် သူ့မူအတိုင်းဆို ဆက်အိပ်နေဖြစ်ဦးမယ့် ကောင်လေးဟာ အခုတော့ အရေးကြီး အစည်းအဝေးနဲ့မို့ အိပ်ယာကအမြန်ထပြီး အလုပ်ကိုလာနေတဲ့ လမ်းမှာဖြစ်သည်။ ပါးစပ်ကလည်း ပွစိပွစိနဲ့ မိုးကို ပြောနေပါသေးသည်။

" သူများ အလုပ်သွားရမယ့် အချိန်ကျ မိုးကရွာတယ် မပြောလိုက်ချင်ဘူး... ပြန်လာလို့ မရွာရင် ငါနဲ့တွေ့ပြီသာမှတ်... မိုးအေးအေးနဲ့ အိပ်ချင်လို့ဟာကို... "

ုဒုန်း !! ကျွီ !! ( ကားဘရိတ်သံ )

လမ်းကွေ့တခုအရောက် အကွယ်မှ ထွက်လာသော ကောင်လေးတစ်ယောက်ကို မမြင်လိုက်ပါပဲ ဝင်တိုက်မိသွားလေသည်။

" oh god ! ငါ လူတိုက်မိသွားတာလား "

သူလည်း အလန့်တကြားဖြစ်သွားရသည်။ အသင့်ပါလာသော ထီးကို ယူကာ ကားထဲက ပြေးဆင်းတော့ သူ့ကားရှေ့တွင် ထိုင်ရက်ပြုတ်ကျနေသော ကောင်လေးနဲ့ သူ့ကား၏ မီးခွက်တစ်ခု ပျက်စီးသွားတာ တွေ့လိုက်ရပါသည်။

" အဆင်ပြေရဲ့လား ကလေး... အရမ်း ထိသွားလား... "

" ဟင့်အင်း သိပ်မများပါဘူး... ကျွန်တော့်ဘာသာလန့်ပြီး ထိုင်ရက် ပြုတ်ကျသွားတာပါ "

တကယ်လည်း ဟုတ်ပါသည်။ ကားက လူကို မဟုတ်ပဲ ဓါတ်တိုင်ကို တိုက်မိရာ ထိုကောင်လေးက လန့်ပြီး ထိုင်ချလိုက်ခြင်းပင်။ junkyuလည်း ထိုကလေးနားသို့ အမြန်သွားပြီး ဆွဲထူကာ ကားပေါ်သို့ ခေါ်ခဲ့လိုက်ပါသည်။

" ကိုယ် ဆေးခန်းလိုက်ပို့ပေးမယ်နော် ခလေး "

" မဟုတ်တာ ကျွန်တော် အဆင်ပြေပါတယ် "

" သေချာရဲ့လား ကလေး ခြေထောက်က နာနေတယ်လေ ခုနတောင် ထော့နဲ့ထော့နဲ့ ဖြစ်နေတာကို "

" အင်း "

" ကိုယ် ဆေးခန်းလိုက်ပို့ပေးပါ့မယ် ကိုယ့်ကြောင့် ဖြစ်သွားတာ ဆိုတော့ ကိုယ်တာဝန် ယူပါရစေနော် "

Villain ( ဗီလိန္ / ဗီလိန် )Where stories live. Discover now