🔥14🔥

19 10 3
                                    


U

🔥14🔥

" ကလေး ဗိုက်ဆာပြီလား အကို ပြင်ပေးမယ်လေ "

ခပ်ပျင်းပျင်းနဲ့ game ထိုင်ဆော့နေတုန်း အနားရောက်လာသည့်အကို...

နာရီကြည့်တော့ ၁၂နာရီပင် တီးနေပြီမို့...

" အင်း ပြင်ပေးလေ စားတော့မယ် "

ဟုသာပြောပြီး အကို့နောက်ကနေ လိုက်လာခဲ့လိုက်သည်။

အခုဆို အကိုနဲ့ hyung လက်ထပ်ထားတာ ၁နှစ်ပင် ကျော်နေလေပြီ။ အချိန်တွေက အကုန်မြန်တယ်... ကျွန်တော့် ခံစားချက်တွေပဲ မြန်မြန် ပျောက်မသွားနိုင်သေးတာ။ လူတွေပြောကြတဲ့ စကားလေ 'တဖြည်းဖြည်း အချိန်က ကုစားပေးလိမ့်မယ်'တဲ့။ ကျွန်တော် အရမ်းရီချင်တာပဲဗျာ... တခါတခါကျလည်း တွေးမိဖူးတယ်။ လူတွေက ကိုယ်တိုင် မခံစားဖူးပဲ လျှောက်ပြောကြတာ နေမှာပါလို့လေ။ အချိန်ကြာရင် မေ့နိုင်မှာပါတဲ့လား။ ကျွန်တော့် အတွက်ကတော့ အချိန်ကြာလေ ဒဏ်ရာကလည်း ပိုနက်လာလေပါပဲ....

ကျွန်တော့် ဆုံးဖြတ်ချက်အတိုင်း အကိုဖြစ်စေချင်တဲ့အတိုင်း ညီအစ်ကိုတွေလိုပဲ ကျွန်တော် နေပေးခဲ့ပါတယ်... ဒါပေမဲ့ အကိုဆိုတဲ့ နာမ်စားကိုတော့ ကျွန်တော် ဘယ်တော့မှ မသုံးဘူး... ဘာလို့ဆို အဲ့တာက ကျွန်တော့်ချစ်ရတဲ့ အကို့အတွက်လေ... အခု အကိုက ကျွန်တော် ချစ်လို့ရတော့တဲ့ သူမှ မဟုတ်ပဲ....

အကို့ကို hyungရဲ့ အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့ လက်ခံပေးဖို့ ကျွန်တော် နေ့တိုင်းကြိုးစားနေမိတယ်။ ကျွန်တော် အဲ့လိုလုပ်မှ အကို ပျော်မယ်ဆိုတာ ကျွန်တော် သိလို့လေ...

ကျွန်တော့်အချစ်နဲ့တင် အကို့ကို စိတ် ဒုက္ခ ပေးခဲ့ပြီးပြီပဲဟာ... ထပ်ပြီး ကျွန်တော့်ပုံစံကြောင့် အကို စိတ်ဆင်းရဲမှာတော့ မကြည့်နိုင်တော့ပေ....

" ကလေး နေကောင်းရဲ့လား ဒီရက်ပိုင်းထဲ ပိန်သွားသလိုပဲ "

" ကောင်းပါတယ် ဒီလိုပါပဲ "

အကိုရဲ့ ရိုးရိုးသားသား စိတ်ပူပြီး မေးလာတာကို ကျွန်တော် သာမန်ပဲ ပြန်ဖြေလိုက်သည်။ အရင်စိတ်နဲ့ဆို အကိုက ငါ့ကို စိတ်ပူပေးတာကွ ဆိုပြီး ပျော်နေမှာ ဖြစ်ပေမဲ့ ယခုမှာတော့ ညီတစ်ယောက်ကို အကိုတစ်ယောက်က စိတ်ပူတာ သဘာဝပေပဲမို့ ထွေထွေထူးထူးလည်း တွေးမနေချင်တော့ပေ။

Villain ( ဗီလိန္ / ဗီလိန် )Onde histórias criam vida. Descubra agora