🔥9🔥
Haruto တစ်ယောက် လုပ်စရာလည်း မရှိ၍ ပျင်းပျင်းရိရိဖြင့် ဖုန်းထဲ ဟိုကြည့်ဒီကြည့် လုပ်နေသည်။ လက်က ဒဏ်ရာက သိပ်မသက်သာသေးတာမို့ ကျောင်းတွေ ကျူရှင်တွေလည်း နားထားရတော့ တနေ့လုံး အိပ်နေလိုက် ပျင်းရင် ဟိုလျှောက်ဒီလျှောက် လုပ်လိုက်နဲ့သာ။
ထို့နေ့ပြီးတည်းက junkyuနဲ့လည်း မတွေးရသေးတော့ သတိရပြီး ဘယ်လိုနေမလဲ သိချင်ပေမဲ့ တခြားတစ်ယောက်နဲ့ ပျော်နေမှာကို ကြိုသိနေပြီးသားမို့ အဆင်သင့် ရိုက်ပြီးသား ဖုန်းနံပါတ်လေးကိုတောင် ပြန်ဖျက်ပစ်လိုက်ကာ Albums ထဲက အကို့ပုံလေးတွေကိုသာ အလွမ်းပြေ ကြည့်နေမိသည်။
ထိုစဉ်...
အိမ်ရှေ့တွင် ကားရပ်သံကြားတာကြောင့် yoshi ပြန်လာပြီဆိုပြီး ကြိုဖို့ အမြန်ပြေးသွားလိုက်သည်။ hyung ပြန်လာမှသာ စကားတွေဘာတွေ ပြောရင်း နည်းနည်း အပျင်းပြေတာလေ။
ruto အိမ်တံခါးဝကို ရောက်တော့ yoshi ကားပေါ်မှ ဆင်းလာသည့် junkyu...
အကိုက ပန်းရောင် hoodie ပွလေးနဲ့ ချစ်စရာလေး ဖြစ်နေပြီး အခုလို တွေ့လိုက်ရတော့မှ ruto ပိုပြီး လွမ်းနေကြောင်း သိလိုက်ရသည်။
" အကို "
" ကလေး... "
သူ့ကို တွေ့တော့ အံ့သြသွားပုံရသည့် junkyuက ဆက်ပြီး မေးဖို့ လုပ်တုန်း....
" ကလေးက ဒီကို ဘယ်လိုလုပ်ပြီး... "
" rutoက ကိုယ့်ညီလေးလေ kyu.... ၂ယောက်က သိကြတာလား... "
junkyu မေးခွန်းပင် မဆုံးသေး.... yoshi က အနားကို လျှောက်လာရင်း ပြောလေသည်။
" အင်းး ကို့ ကို ပြောပြဖူးတဲ့ ကလေးဆိုတာ သူလေ... "
Yoshi ကို ပြန်မော့ကြည့်ပြီး ပြောပြနေတဲ့ junkyuက ပြုံးနေခဲ့သည်။ ခေါ်လိုက်ပုံကလည်း 'ကို'တဲ့....
" ဟုတ်လား ကောင်းတာပေါ့... အရမ်းစိမ်း မနေတော့ဘူးနော့် "
အဲ့စကားရဲ့ အဓိပ္ပာယ်က ဘာကို ဆိုလိုတာလဲ....
Ruto ကြည့်နေရ သလောက်တော့ အကိုနဲ့ hyungက သာမာန် ရင်းနီးတဲ့ ဆက်ဆံရေးထက် ပိုလိမ့်မည် ထင်သည်...
YOU ARE READING
Villain ( ဗီလိန္ / ဗီလိန် )
FanfictionU 💕 Yoshi nori - သူငယ်ချင်းတစ်ယောက်ထက် ပိုပြီး ချစ်သူတစ်ယောက်လို ချစ်ပေးခွင့် ရနိုင်မလား kyu.... 💕 kim junkyu - ငါမင်းကို ချစ်တယ် yoshi... 💔 Haruto - အကို့ကို ချစ်တယ်... အကို့ကို ပိုင်ဆိုင်ချင်တယ်... အကို ပြုံးမိတဲ့ အကြောင်းပြချက်တိုင်းကအစ ကျွန်တ...