🔥6🔥

20 7 2
                                    

🔥6🔥 U

တနေ့လုံး နေရာစုံလျှောက်သွားပြီး တွေ့သမျှ အကုန်လျှောက်စားထားတဲ့ ကြက်သွေးရောင် လူသားလေးက အတော်ပင်ပန်းသွားပုံရသည်။ ကားပေါ်တွင်တောင် ကောင်းကောင်း အိပ်မောကျနေလေရဲ့။ yoshiလည်း ကားမောင်းရင်း တစ်ချက်ချက် လှည့်ကြည့်ကာ ပြုံးနေမိသည်။ ဒီကောင်လေးရဲ့ အချစ်ကို ရခဲ့တာ သူ့အတွက်တော့ အခုချိန်ထိ အိမ်မက် တစ်ခုလိုပင်။ ဆုံးရှုံးမှာကိုလည်း သေမတက် ကြောက်လန့်မိတာကြောင့် အပိုင်သိမ်းပြီး ဖွက်ထားပစ်ချင်တဲ့ အထိပါပဲ....

မကြာခင် အထပ်မြင့် hotel တစ်ခုရှေ့တွင် ကားရပ်လိုက်ပြီး အိပ်နေတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းတွေကို ဖွဖွလေး ဆွဲစုပ်ယူလိုက်သည်။

" ထတော့ kyu... ရောက်ပြီ... "

" အွန်းးးး မင်း ဘယ်ကို ခေါ်လာတာလဲ... "

" ခနနေရင် သိရမှာပေါ့ "

Junkyuက အိပ်ချင်မူးတူးနဲ့ မျက်လုံးလေး ပေကလပ်ပေကလပ် လုပ်ကာ yoshi ခေါ်သွားရာ နောက်ပါသွားခဲ့လေသည်။ မှောင်ရိပ်ပြိုးနေပြီမို့ မီးရောင် တွေတစ်ဖျက်ဖျက်နဲ့ hotelကြီးက အလွန်လှပပေ၏။

Hotelဆိုသည့် စာလုံးကို တွေ့တော့ junkyu အနည်းငယ် လန့်သွားပေမဲ့ yoshi ကို သူယုံကြည်တာမို့ အထွေးအထူးတော့ တွေးမနေတော့ပေ။ yoshiကတော့ ဓာတ်လှေကားထဲ သူနဲ့အတူ ဝင်ကာ အပေါ်ဆုံးထပ်သို့ နှိပ်လိုက်သည်။

" kyu မျက်လုံးမှိတ်ထားပေး "

" ဟမ် "

Junkyuဘာမှ မပြောရသေးခင်ပင် yoshiက အသင့်ယူလာသော ဖဲကြိုးအနီလေးအား junkyu မျက်ဝန်းတွင် စီးနှောင်ပေးလိုက်သည်။

" yoshi မင်း ဘာလုပ်မလို့လဲ "

" ကိုယ့် အသည်းလေးက အရမ်းလောတာပဲကွာ..... နည်းနည်းလောက် စိတ်ရှည်ပါဦးလား... "

Yoshiရဲ့ မထိတထိ စကားကြောင့် junkyuမှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပါသည်။ အမြင်တွေကလည်း မှောင်မဲနေသည်မို့ yoshi လက်ကိုသာ တင်းတင်းဆုပ်ပြီး အနားတိုးနေလိုက်သည်။

စက္ကန့်ပိုင်းလောက် ကြာပြီးနောက် ဓာတ်လှေကားတံခါး ပွင့်သွားတာ့ yoshiက သူ့ကို ပွေ့ချီကာ တနေရာကို ခေါ်သွားနေမှန်းသိလိုက်ရသည်။ ထို့နောက် yoshiက သူ့ကို မတ်တပ်ရပ်စေပြီး ဖိနပ်တွေကို ချွတ်ပေးလာ၏။

Villain ( ဗီလိန္ / ဗီလိန် )Waar verhalen tot leven komen. Ontdek het nu