🔥16🔥

26 12 8
                                    

🔥16🔥

မိုးသောက်ချိန်သို့ ရောက်ခဲ့လေပြီ....

နွေးထွေးစွာ ပွေ့ဖက်ရင်း အိပ်မောကျနေသည့် ကောင်လေးနှစ်ယောက်မှာ အဆက်မပြက်မြည်လာသော ဖုန်းသံကြောင့်လန့်နိုးသွားရသည်။

မျက်လုံးတွေကို လက်နဲ့ အသာပွတ်ပြီး ဖုန်းကို လှမ်းယူတော့ ရင်ခွင်ထဲက ကောင်လေးက ပြန်တိုးလို့ အိပ်နေလေ၏။

Contact name က Haruto ဆိုသည့် စာသားကြောင့် အနည်းငယ် ရင်ထဲ ထိတ်သွားရသည်။ ဒီလောက် မနက်စောစောစီးစီး ဘာဖြစ်တာပါလိမ့်...

" Hello "

" ဟုတ်ကဲ့ ဒီဖုန်းပိုင်ရှင်ရဲ့ အသိလား မသိဘူး "

" ဟုတ်ပါတယ် ကျွန်တော်က haruto ရဲ့ အကိုပါ သူ ဘာဖြစ်လို့လဲဟင် "

" လူနာက ကားအက်စီးဒန့် ဖြစ်ပြီး *** ဆေးရုံမှာ အရေးပေါ်ရောက်နေပါတယ်.... "

" ဗျာ !!!! "

"  ထိခိုက်ဒဏ်ရာက အတော်ပြင်းထန်တာကြောင့် အမြန်ဆုံး ခွဲစိတ်မှုလုပ်ရပါလိမ့်မယ်... အဲ့တာ လူနာရဲ့ အုပ်ထိန်းသူဆီက ခွင့်ပြုလက်မှတ် ထိုးပေးဖို့လိုလို့ပါ... အခက်မသင့်ရင် အသက်ဆုံးရှုံးနိုင်တဲ့ အနေအထား... "

" ကျွန်တော် သိပါပြီ အခုချက်ချင်း လာခဲ့ပါမယ် "

ပြာပြာသလဲ ဖြစ်နေသည့် yoshi ပုံကြောင့် အိပ်ချင်နေသည့် junkyu မျက်လုံးတွေ ကြောင်သွားရလေသည်။

" ဘာဖြစ်လို့လဲ ကို "

" ညီလေး ကားအက်စီးဒန့်ဖြစ်လို့ ဒဏ်ရာ အပြင်းအထန် ရထားတယ်တဲ့ အခုဆေးရုံက ဆက်တာ... "

" ကလေးကလေ !!! "

" အဲ့တာ ကို အခုလိုက်သွားလိုက်ဦးမယ် "

" နေဦး ကို ငါလည်း လိုက်မယ်... "

" အွန်း "

၂ယောက်သား အမြန်ထကာ မျက်နှာသစ်ပြီး အပေါ် အင်္ကျီတထည် ကောက်ဆွဲကာ ဆေးရုံဆီ တန်းသွားရတော့သည်။ အခန်းအပြင် ထွက်ထွက်ချင်း ပြန့်ကျဲနေသည့် အလုပ်ဖိုင်ကြောင့် yoshi စိတ်ထဲ ထင့်သွားရပေမဲ့ ခန ဘေးဖယ်ကာ အရေးကြီးနေသည်မို့ အထွေအထူး မတွေးဖြစ်တော့...

Villain ( ဗီလိန္ / ဗီလိန် )Tempat cerita menjadi hidup. Temukan sekarang