🔥3🔥

27 11 2
                                    

🔥3🔥 U

" ပျင်းလိုက်တာ !! "

ဝရံတာမှာ ထိုင်ပြီး အပြင်ကို ကြည့်ကာ တဖွဖွပြောနေသော junkyu...

အလုပ်ပိတ်ရပ်မို့ အိမ်မှာပဲ နေတာအပြင်မထွက်ဖြစ်။ တမနက်လုံးလည်း အိပ်ပြီးပြီဆိုတော့ ဆက်မအိပ်ချင်တော့ပေ။ ရေခဲသေတ္တာထဲက မုန့်တွေသာ တခုခုပြီး တစ်ခု ထိုင်စားရင်း gameဆော့ရတာတောင် ငြီးငွေ့လာပြီ။ ချစ်သူ အသစ်စက်စက်လေးနဲ့ အပြင်သွားမလား မှတ်ပါတယ် တောက်လျှောက်မတိတ်တဲ့ မိုးကြောင့် ကောင်းကင်ကို မျက်စောင်းပစ်ထိုး မိတာအကြိမ်ကြိမ်။

" ငါ ဘာလုပ်ရင်ကောင်းမလဲ..............

ဟုတ်ပြီ yoshiကို ဖုန်းဆက်ကြည့်ဦးမယ်... သူနဲ့ စကားပြောရင် နည်းနည်း ပိုအဆင်ပြေမယ်ထင်တယ် "

junkyuတွေးပြီး ထကာ ဖုန်းလေးဆီသို့ သွားခဲ့သည်။ ချစ်သူဖြစ်တာ ၂ပတ်ကျော်နေပြီဆိုပေမဲ့ ၂ယောက်သားက အတူတူ dateလုပ်ခဲ့တာ မရှိဖူးသေးပေ။ ဆက်ဆံရေးကတော့ အရင်ကထက် ထွေထွေထူးထူး ပြောင်းလဲလာတာ သိပ်မရှိ။ နဂိုတည်းက ခိုးချစ်ခဲ့သူတွေမို့ အခုက တရားဝန်ချစ်သူ ဖြစ်သွားရုံသာ။ ဒါပေမဲ့ သူ့အပေါ် ပိုပြီး သဲသဲလှုပ် ဂရုစိုက်ပြတတ်တဲ့ အကြောင်းကို တွေးမိရင်တော့ junkyu နှုတ်ခမ်းတွေ မပြုံးပဲ မနေနိုင်ပါ။ ညတိုင်း သူအိပ်ပျော်တဲ့အထိ ချော့သိပ်တတ်တဲ့ပုံလေးက တွေးမိတိုင်း ကြည်နူးစရာ။ မနက်တိုင်း သူ့အသံလေးအရင် ကြားရအောင်ဆိုပြီး ကိုယ့်ဖုန်းကိုယူကာ အသံသွင်းပြီး alarmတောင် ပေးထားသေးသည်။

" အဲ့လောက်ဖြစ်နေရင် အိမ်လာနေလိုက်ပါလား "

လို့ junkyuရွဲ့ပြောတော့...

" kyu သာခွင့်ပြုရင် ကိုယ်အခုချက်ချင်း လာခဲ့မယ် "

ဆိုသူကြောင့် ကိုယ့်ဘာသာ ပြန်လျောလိုက်ရသည်။ တကယ် မလွယ်စိန်။

junkyu၁ယောက် ဖုန်းကိုကြည့်ပြီး မခေါ်သေးပဲ အပေါ်အောက် လျှောက်ဆွဲကြည့်နေပါသည်။ ထိုစဉ်...

Ti

ဖုန်းနံပါတ်အစိမ်းတစ်ခု ဝင်လာတာ ဖြစ်ပြီး သူကိုင်ဖို့ပင် အချိန်မရလိုက်ပဲ ကျသွားတာကြောင့် နည်းနည်း အံ့သြသွားရသည်။ အစောတည်းက စိတ်ကကြည်မနေတော့ ဒေါသကထောင်းခနဲ။

Villain ( ဗီလိန္ / ဗီလိန် )Donde viven las historias. Descúbrelo ahora