🔥10🔥

22 9 1
                                    

🔥10🔥U

Haruto အစောတည်းက ဆုပ်ထားပြီးသား လက်သီးကို ပိုတင်းလိုက်ပြီး လှေကားအတိုင်း အခန်းဆီသို့ အမြန် လျှောက်လာမိသည်။

ဒေါသနဲ့ junkyuကို ပြောချင်ရာ ပြောလာခဲ့တာပေမဲ့ စိတ်မကောင်းဖြစ်သွားတဲ့ ပုံမြင်တော့ ပြောလိုက်မိတဲ့ ကိုယ့်ကိုယ်ကိုတောင် ပြန်ရိုက်သတ်ပစ်ချင်စိတ် ပေါက်လာရသည်။

* ကလေးက yoshiကို သဝန်တိုနေတာလား... အကိုက တစ်ယောက်တည်းး အပိုင်သိမ်းမထားပါဘူး ကလေးရဲ့... *

Junkyu စကားသံက နားထဲ ပြန်ဝင်လာတော့ အခန်းတံခါးကို အားနဲ့ ဆောင့်ပိတ်ပစ်လိုက်သည်။

အခန်းနံရံမှာ ပလပွ ဖြစ်နေတဲ့ အကို့ပုံရိပ်တွေ... အမှတ်တမဲ့ လှည့်ကြည့်နေတဲ့ပုံတွေ၊ အကိုပြုံးနေတဲ့ ပုံတွေ၊ နှုတ်ခမ်းဆူပြီး အလိုမကျ ဖြစ်နေပုံလေးတွေ... အမိအရ ဖမ်းယူထားတဲ့ စက္ကန့်လေးတွေတိုင်းက အဖြူရောင်နံရံထက် လှလှပပ နေရာယူနေခဲ့ပေမဲ့ မလှပနိုင်ခဲ့တာ နှလုံးသားတွေ...

မဟုတ်ဘူး...
ကျွန်တော့် နှလုံးသားကသာ... ကျွန်တော့် နှလုံးသားကပဲ မလှပ နိုင်ခဲ့တာ... အကို့ နှလုံးသားလေးကတော့ လှလှပပနဲ့ ပွင့်လန်းနေခဲ့တာ... ဥယာဉ်မှူးက ကျွန်တော် မဟုတ်ပဲနဲ့ပေါ့...

ဒါပေမဲ့ ဘာလို့ hyung ဖြစ်နေရတာလဲ...
ဘာလို့လဲ... ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေပဲ အထပ်ထပ်အခါခါ ပြောနေရတာလည်း စိတ်ကုန်လှပြီ...

ဘယ်သူကများ... ဖြေပေးခဲ့ဖူးလဲ...
တကယ်က အဖြေမရှိတာမဟုတ်ဘူး... ဖြေပေးမဲ့သူ ရှိမနေတာ...

haruto ဗီရိုထဲမှ အဖြူရောင် hoodie လေးအား ဆွဲထုတ်ပြီး စားပွဲပေါ်က ကတ်ကြေးကို ယူကာ ဆေးအနက်ဖြင့် လှလှပပ ပုံဖော်ထားသော baby ဟူသည့် စာသားအား အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ညှပ်ပစ်လိုက်သည်။  ထို့နောက် ကတ်ကြေးကို အကြမ်းပတမ်း လွှင့်ပစ်ပြီး အဖုံးဖွင့်ရက် ထားထားသော ဘောပင်ကို ကောက်ကိုင်ကာ နံရံက ပုံများဆီသို့ တည့်တည့် သွားလိုက်သည်။

ဆွဲအားပြင်းပြင်း တစ်ခုက သူ့လက်တွေကို ပုံတွေနဲ့ စင်တီမီတာ စိတ်အကွာလေးမှာပင် လှုပ်မရအောင် ချုပ်ထားလိုက်သလို... Junkyu ပုံပေါ် ရောက်နေပြီးသား လက်က အလိုလို ရပ်တန့်နေပြီး ပြုံးနေတဲ့ မျက်နှာလေးကြောင့် ခံစားချက်များ ပိုပြီး ပေါက်ကွဲထွက်လာကာ စားပွဲပေါ်မှ ပစ္စည်းများကို လှည့်ပြီး တိုက်ချပစ်လိုက်တော့ junkyuနဲ့ ဆင်တူ ဖန်လုံးလေးမှာလည်း အောက်ကို ပြုတ်ကျသော အရှိန်နှင့် ခွမ်ခနဲ....

Villain ( ဗီလိန္ / ဗီလိန် )Where stories live. Discover now