ဇောတွေနဲ့လာခဲ့တာမို့ကားကို ဘယ်လိုမောင်းခဲ့မိမှန်းမသိ။ လူတွေဟာ စိတ်ဆောင်ရင် မြင့်မိုရ်တောင်ကိုရွှေ့နိုင်တယ်ဆိုတာအလကားတော့မဟုတ်ဘူးဘဲ။
ကားပေါ်ကဆင်းတာနဲ့ နံပါတ်တုတ်ကို ယူလာခဲ့တဲ့ လီနို ဟာ ဆရာဝန်ကြီးတစ်ယောက်လို့မထင်ချင်စရာလူမိုက်ပုံပေါက်နေသည်။
လမ်းလျှောက်ကာဝင်လာခဲ့သော်လည်း ဂိုထောင်ထဲမှာ အခုထိလူရိပ်လူယောင်မတွေ့။
"တောက်စ်..ခွေး*သားတွေ ဘယ်ရောက်နေကြပြန်တာလဲ မင်းတို့ခေါ်လို့ ငါရောက်နေပြီလေ ငါ့မိန်းမနဲ့ကလေးတွေကို အခုထုတ်ပေး"
အော်သံ က ဂိုထောင်တစ်ခုလုံးကိုဟိန်းထွက်သွားသည်။
"အိုး...ပါမောက္ခ မန်နိုဘန် ကစိတ်မရှည်တတ်ဘူးပဲ "
ဟုပြောကာ ဂျလေဘီလို ဘောင်ဘီအိတ်ထဲ လက်နှိုက် တစ်ဖက်က တုတ်ကိုင်ပြီးလျှောက်လာကြတဲ့လူသုံးယောက်။
"အစက မှတ်လောက်အောင်ဆုံးမဖို့ပြောထားပေမဲ့ လူမြင်တော့လည်း မရိုက်ရက်စရာလေးပါလား"
"Mother f*cker တွေ စောက်စကားကိုအပိုမပြောဘဲ ငါ့မိန်းမနဲ့ကလေးတွေကို အခုထုတ်ပေး"
ထိုလူသုံးယောက်မှာ အလယ်ကတစ်ယောက်က မေးဆတ်ပြတော့ ကျန်နှစ်ယောက်က ရူဘီတို့ကို သွားခေါ်လာသည်။
"လီနို" "မာမီ"
လက်ပြန်ကြိုးတုပ်ထားခံရတဲ့ ဇနီးသည်နဲ့ကလေးတွေ။လီနို့ကိုမြင်တာနဲ့ ခေါ်လိုက်သံဟာ ရင်ထဲက ဒေါသတွေကို ဆူဝေစေသည်။
ဘာကောင်တွေမို့လို့ ငါ့မိန်းမနဲ့ကလေးတွေကိုဒီလို လက်ရဲဇက်ရဲ လုပ်ထားရတာလဲ။ဘယ်လို ခွေဝဲစားတွေလည်း။
"ကဲ တွေ့ပြီဆိုတော့ ဘာပြောချင်လဲ ပါမောက္ခ"
"သူတို့ကိုအခုလွှတ်ပေး"
"ဪ ခက်ပြီ ဖမ်းချင်လို့မှ ခေါ်လာပါတယ်ဆို လွှတ်စရာလား"
"မင်းတို့ကဘာတွေလဲ ဘာလိုချင်လို့ဒီလိုလုပ်ရတာလဲ ငါတို့မိသားစုကဘယ်သူ့အပေါ်မှရန်ငြိုးမရှိဖူးပါဘူး"
"အင်း ဒါပေါ့ ဒါပေါ့ တစ်ခုပဲ ကိုယ့်ဟာကိုယ်အေးဆေးမနေဘဲ ဓားခုတ်ရာလက်ဝင်လျှိုတာ နည်းတဲ့ ရွပိုးထိုးမှုတော့မဟုတ်ဘူး ငါတို့ဂိုဏ်ချုပ်ကို အရဖမ်းကြိုးစင်တင်ခဲ့တဲ့ ဝန်ကြီးအန်တိုနီကို ဘာလို့များကူကယ်ပေးခဲ့တာလဲ ငါတို့မှာ ဂိုဏ်းချုပ်လဲသေရ အခု အဲ့ဘိုးတော်ကပြန်ကောင်းလာတော့ တစ်ခါ ငါတို့ကိုကြားရာအရပ်က နေ ကျားချောင်းချောင်းနေပြန်ပြီ"
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanfictionလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)