ရူဘီ ဖုန်းချပြီးတော့ ဖုန်းကိုစိုက်ကြည့်နေလိုက်သည်။နံပါတ်တွေလှည့်ကာခေါ်ရသည့် ဖုန်းကို အကြိမ်ကြိမ်အခါခါ ပျက်စီးသည်အထိ လှည့်ပစ်လိုက်သည်။နင်က ငါ့ကိုငြင်းတယ်တဲ့ နင်ကအရင်လေ။ အဲ့လိုမျိုးကိုမှ ငါကလည်း အနိုင်ရချင်တာ။
နင့်ကိုယူကိုယူဦးမှာ လီနို။
ကျောင်းကန်တင်းမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်မှာ ကော်ဖီတွေအေးကုန်သည်အထိ။
ချစ်လွန်းလို့ ငေးကြည့်နေတာမျိုးမဟုတ်ဘဲ အားစမ်းနေကြသည့်ပွဲပမာ အကြည့်တွေက စူးရှပြင်းထန်သည်။
"ရုတ်တရက်ကြီး မင်္ဂလာပွဲကတအားကပ်နေရတာလဲ ရူဘီ"
"ဘာလို့ငါ့ကိုလာမေးနေရတာလဲ တကယ်ဆို ဒယ်ဒီတို့ကိုမေးသင့်တာမျိုးလေ"
"ကိုယ်တို့ M.Med.Scတတ်ပြီးမှ ယူကြတာပိုသင့်တော်မယ်ထင်တယ်"
လက်ထပ်ကြရမယ်လို့သိပြီးကတည်းက လီနိုအသုံးအနှုန်းတွေပြောင်းလာသည်။ နင်နဲ့ငါကနေ မင်းနဲ့ကိုယ် ဖြစ်လာတာမျိုး။
"အဲ့ဒါဆို နင်ငြင်းကြည့်လေ ငါကတော့မပြောလိုဘူး"
"မဟုတ်ဘူးလေရူဘီ"
"ဒါဆို ငါ့ကိုမယူနဲ့လေ နင့်ဘက်က စဖျက်ရင် ကြည့်ကောင်းတယ်ဒယ်ဒီက အပြစ်ပြောမှာမဟုတ်ဘူး ငါက ဖျက်ရင် နားမီးခိုးထွက်တဲ့အထိ မီးရှို့နေမှာနားကို"
"ကိုယ်မင်းကိုလက်ထပ်မှာပါရူဘီ မင်းသိလား တစ်ချို့အရာတွေကပြောဖို့နောက်ကျသလားမသိပေမဲ့ ကိုယ်တို့လက်ထပ်ပြီး အေးအေးချမ်းချမ်း ဘဝကိုလျှောက်ကြရအောင်ပါ""နင်နဲ့ဆိုဘယ်တော့မှ ငါအေးချမ်းမှာမဟုတ်ဘူး ဒါပေမဲ့ နင်သိထား နင့်ကိုငါယူမှာ"
"အန်ကယ်လ်ရဲ့သမီးလိမ္မာဖြစ်ချင်တာမျိုးလားရူဘီ ကိုယ့်ကိုမချစ်ဘဲလေ''
"သေချာတာပေါ့"
"ဘယ်လိုပဲဖြစ်ဖြစ်ပါ ကိုယ်မင်းကိုစောင့်ရှောက်ခွင့်ရတဲ့အတွက် ကိုယ်နောင်တမရပါဘူး"
"သေချာပေါက် နင်နောင်တရနေမှာပါ လီနို"
ဘယ်လိုလဲဟ ချစ်ပါတယ်လို့ဝန်ခံ အလျော့ပေးးတာတောင် ကန့်လန့်တိုက်နေတဲ့ ရူဘီကို လီနို စိတ်အချဉ်ပေါက်မိသည်။
![](https://img.wattpad.com/cover/370503690-288-k412750.jpg)
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanficလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)