ဝုန်းဒိုင်းကြဲနေတဲ့ တစ်ဖက်က အခန်းထဲကို အယ်နိုတို့ ဝင်မသွားရဲပါ။ကော်ဖီဆိုင်က ပြန်ရောက်ကြပြီး ခဏနေတော့ မာမားက မာမီ့ကို စကားပြောမယ်ဆိုလို့ အယ်နိုတို့မောင်နှမ အပြင်ထွက်ပေးနေခဲ့တာ။ဝင်သွားပြီးဆွဲဖို့လည်း အဆင်မပြေတာမို့အခန်းတံခါးကနေပြီးသာ ကပ်ပြီးနားထောင်နေခဲ့ရသည်။
"ရူဘီ မင်းလက်မပါလာနဲ့နော်"
"ပါတော့ဘာဖြစ်လဲ ပါတော့ဘာဖြစ်လဲလို့"
လက်မောင်းတွေ ရင်ဘတ်တွေလည်းထုရိုက်ခံရလွန်းလို့ကြိမ်းစပ်နေပါပြီ။
"ဟ နာတယ် မင်းတော်တော် ကိုစွာပါလား"
"ရှင့်ကို ကျွန်မ မနေခဲ့နဲ့လို့ပြောတယ်လေ ဘယ်က သတ္တိတွေရှိလာလို့ အာခံနေတာလဲ"
"ဘာ မင်းပြောသမျှ ခေါင်းငြိမ့်နာခံရအောင်ငါကမင်းရဲ့အစေခံလား"
"လီနိုမန်နိုဘန်"
"မင်းမရှက်တတ်ဘူးလားရူဘီ သိက္ခာလေးထိန်းစမ်းပါ တနေ့တနေ့အရူးလိုပြဿနာရှာနေတာတွေတော်တော့"
"ရှင့်ကို ကျွန်မသတ်မယ်"
လည်ပင်းကိုလာညှစ်နေလို့ လီနိုအသတ်တောင်ရှူမရ။သူမလက်တွေကိုတော့ လီနို လက်ကောက်ဝတ်ကပြန်ကိုင်ထားပေမဲ့ အားနဲ့ဆွဲမဖယ်ရက်ခဲ့။
ကိုယ့်ကိုသေစေချင်တာတောင် မင်းကိုမနာကျင်စေချင်ဘူး ရူဘီ။
"ကိုကို ညီမလေးတို့ဝင်သွားသင့်လား"
"လီရာ"
"မာမားက မာမီ့ကိုတစ်ခုခုနဲ့ရိုက်လိုက်ပြီလားမသိဘူး လက်လွန်ကုန်ရင် ဘယ်လို လုပ်ကြမလဲ ညီမလေးကြောက်တယ်"
"မငိုနဲ့ လီရာ မငိုနဲ့ စိတ်အေးအေးထား ကိုကိုတို့စောင့်ကြည့်ကြရအောင်ပါ"
ရူဘီ အတင်းကိုစိတ်တွေတိုပြီး လီနို့လည်ပင်းကိုညှစ်နေပေမဲ့ မိမိလက်ပေါ် အနည်းငယ်မျှတောင် အားစိုက်ခြင်းမရှိဘဲ ကိုင်ရုံမျှကိုင်ထားတာမို့ မျက်ရည်တွေဝဲလာရသည်။
ရှင်ကအရူးလား လီနို။ငြိမ်ခံမနေဘဲ ဆွဲဖယ်ရမှာမဟုတ်ဘူးလား။ဘာလို့ကျွန်မကိုမကောင်းတဲ့လူဖြစ်အောင်လုပ်ရတာလဲ။ဘာလို့လဲ။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanficလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)