ကိုယ့်ရဲ့ရုံးခန်းထဲမှာ ကိုယ်နဲ့ ရူဘီနှစ်ယောက်တည်း။အလိုမကျတဲ့ကြောင်မျက်ဝန်းတွေက စိုက်ကြည့်လာတော့ ဘာရမလဲ ခပ်တည်တည်ပဲနေနေလိုက်တယ် ကိုယ်ကလျှာရှည်ထားမိတာဆိုတော့ ရူဘီထောင်းသမျှခံရုံပေါ့။
"ဘာအချိုးချိုးတာလဲ လီနိုမန်နိုဘန်"
"ဘာလဲ ဘာကိုလဲ"
"ဘာကိုအခုမှ မသိချင်ယောင်လာဆောင်နေတာလဲ ယူဂျီဟော့ ကို မဏ္ဌာပ်တိုင် တတ်ပြလိုက်တဲ့ကိစ္စ အခုရှင်း"
"ငါ့ဟာငါ ဗိုက်ဆာလို့ ယူစားတာလေ ဘာရှင်းရမှာလဲ မင်းအသိပဲမလားရူဘီ မနက်က ငါဘာမှမစားလာဘူးလေ"
"အဲ့တာနဲ့ပဲ အငတ်လို လုစားရရောလား ရှင့်ရဲ့ရင်ဘတ်က professor ဆိုတဲ့ ရင်ထိုးကိုလည်းအားနာဦး လုပ်ရပ်က အဆင့်အတန်းမရှိ"
အမ်း သည်းခံနေတာ ဒီမိန်းမတစ်စိတ်တော့လွန်လာပြီမလား။လက်ပါရင်တောင် ငြိမ်ခံနေမိဦးမှာဆိုပေမဲ့ ဒီလို တင်စီးပြောတာတော့မခံနိုင်။
"ဘာလဲ မင်းက အဲ့ကောင်ပေးတာကို သိပ်နှမြောနေတာလား အဲ့လိုဟာတွေကို ငါစားလိုက်ရတာ ငါ့ဗိုက်တောင်အမှိုက်ရှုပ်သေးတယ် ပြော အခုငါပြန်လျော်ပေးရမလား"
"ရှင် ရှင် စကားကိုဆင်ခြင် ဒါဆေးရုံ ပြီးတော့ ဒေါက်တာယူ့ကို အားနာသမှုလေးတော့ရှိ အဲ့ကောင်လို့ပြောရအောင် သူက သူငယ်နှပ်စားကလေကချေမဟုတ်ဘူး ပြန်လျော်ပေးမယ်ပြောရအောင်ကျွန်မကတောင်းနေလို့လား "
"အိုမို....ရူဘီကင် ကလည်း ဒီလိုမျိုးကာကွယ်တတ်တယ်လား"
ရင်ထဲနာလိုက်တာနော်။သဝန်တိုခြင်းဒဏ်ကို သူမကမချစ်လို့မခံစားရရင်တောင် ချစ်ရတဲ့ကိုယ်ကအလူးအလဲလေ။
"အရိုင်းအစိုင်း"
"ဒီမှာ အခုမင်းပြောသလိုပြောကြေးဆို ဒါဆေးရုံ ငါကမင်းရဲ့အထက်လူကြီး ငါ့ကိုမင်းလေးစားသင့်တယ် ရူဘီ ငါ့ကိုမဟုတ်ရင်တောင် ငါ့နာမည်ရှေ့ကစာလုံးတွေကိုပေါ့"
"ရှင်ကထိုက်တန်လို့လား"
"ဘာမဟုတ်တဲ့မုန့်လေးအတွက်နဲ့ပုံကြီးမချဲ့နဲ့ရူဘီ မင်း အဲ့ကောင်...မဟုတ်သေးဘူး ဒေါက်တာယူဂျီဟော့ပေးတာမှ စားချင်တယ်ဆိုရင်လည်း ငါသွားပြောပေးမယ် ငါစောနကမင်းတို့ရဲ့မုန့်ကိုလုစားမိတဲ့အတွက် ငါအဲ့လောက်တော့ ပြန်လုပ်ပေးရမှာပေါ့"
![](https://img.wattpad.com/cover/370503690-288-k412750.jpg)
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Hayran Kurguလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)