အယ်နို စာကြည့်တိုက်ကပြန်လာတော့ ညမိုးချူပ်နေပြီ။
"ဟင် ညီမလေး ဒီချိန်ကြီး ဘာထွက်လုပ်နေတာလဲ ခြံထဲကို အေးရအေးနဲ့"
"ကိုကို"
ကိုယ့်ကိုမြင်တာနဲ့ပြေးလာကာ ရင်ခွင်ထဲခေါင်းထိုးပြီးငိုသည်။
"မာမားကမာမီ့ကိုမနေနဲ့တဲ့ မာ မာမီကလည်း အေး ထွက်သွားမယ်တဲ့ အီး ဟီး ဟီး".
"ဟမ် မာမီပြန်ရောက်ပြီလား"
"အင်း မာမားကမောင်းထုတ်နေတယ် ကိုကို ဟင့်"
"မငိုနဲ့ လီရာ မငိုနဲ့ မာမီတကယ်မထွက်သွားလောက်ပါဘူး မာမားကို သက်သက်ပြောတာနေမှာပါ"
"ဟုတ်မှာပါနော် အဲ့လိုမျိုးပဲမလား ဟုတ်တယ်မလားကိုကို"
"လာ လာ အရင်ဆုံးအထဲဝင်ရအောင်"
အစ်ကိုကြီးအဖရာ ဆိုသလို မာမီနဲ့မာမားတို့ရဲ့ရန်ပွဲတွေကြားမှာ အမြဲညပ်နေရတဲ့ဘဝတွေမို့ ညီမလေးကို ပိုဂရုစိုက်အနစ်နာခံချင်စိတ် အယ်နို ရှိသည်။
မချစ်လို့ ရန်သတ်ပါတယ်ပြောရအောင်လည်း မာမားနဲ့မာမီဘယ်နားမှာမချစ်တာလဲ အယ်နို ရှာမတွေ့။
ချစ်ကြရဲ့သားနဲ့ မာန ပြိုင်နေကြသလိုပဲ။
......
ရူဘီ အံ့ဩလွန်းလို့ ကုတင်ပေါ်မှာထိုင်ပြီး မျက်ရည်တောင်ဝဲသည်။အံကိုလည်းတင်းတင်းကြိတ်ထားမိသည်။
ဒင်းကဘာသဘောလဲ။အိမ်ထောင်သက်နှစ်နှစ်ဆယ်မှာ တစ်ခါမှ သူ့ဘက်က ထွက်သွားမယ်ဆိုတာမျိုးမပြောဖူးဘူး။
ဘယ်လောက်ထုရိုက်နေပါစေပေခံနေတဲ့အမျိုး။အခုကျ စိတ်ကုန်တယ်တဲ့။ထွက်သွားမယ်တဲ့။
ဘာလဲ ဘာလဲ ရူဘီကင်ကို ဒီလိုလာချိုးလို့ရမလား။
ပါရီမှာမနေခဲ့ပါနဲ့လို့ပြောတာလည်း မရ ခေါင်းကြောမာသည်။ သုံးလေးရက်ခွဲထားရလို့ ရူဘီ့မှာ ညတောင်အိပ်မပျော်။
ရန်မဖြစ်ရ မထုရမထောင်းရနဲ့ဘယ်လောက်စိတ်သောကရောက်နေရသလဲ။
ဖုန်းဆက်ရအောင်လည်း ဘာအကြောင်းပြောရမလဲ။ရန်တွေ့လို့ရတယ်ပဲထား ထုချင်ထောင်းချင်လာတဲ့အခါကျ ထုရိုက်ရမယ့်ရင်ခွင်ကအဝေးမှာလေ ဘယ်လို ခံစားရမလဲ။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanfictionလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)