ရူဘီတစ်ယောက်တည်း စိတ်ထဲရုန်းကန်နေရသည်။လီနို ထားသွားတာလုံးဝမယုံနိုင်။
"ဘာလို့ ဘာလို့ လွယ်လွယ်နဲ့အလျှော့ပေးလိုက်ရတာလဲ ရှင်မရှိရင် မဖြစ်ပါဘူးဆိုတာကို အရေးမထားတာလား ကျွန်မရှင့်ကိုအဆုံးရှုံးမခံနိုင်ဘူးလို့ ပြောနေတာကြားရဲ့လား ထ လီနို ထ တော့"
ငိုနေတာ မျက်ရည်ပင်လယ်ဝေတော့မည်။
သေနတ်နဲ့ပစ်တဲ့ကောင်ကိုစိတ်ဆိုးမိသည်။ဘာလို့တစ်ယောက်တည်းကိုပဲပစ်လိုက်ရတာလဲ။ရူဘီ့ကိုပါပစ်လိုက်ရမှာ။
စိတ်ထဲမယ် ကလေးတွေကိုလုံးဝ ရူဘီထည့်မတွက်မိ။တစ်ကိုယ်ကောင်းဆန်နေတာ။
"လီနို ထတော့လို့ ကျွန်မပြောနေတယ်လေ ရှင်ခေါင်းကြောမမာနဲ့နော်"
"ထလို့ ထ ထ ထ.."
ထုရိုက်နေသည့်တိုင်အောင်လုံးဝလှုပ်မလာတဲ့ ခန္ဓာကိုယ်ကြောင့် ရူဘီ ယိုင်နဲ့လာသည်။အသက်ရှူရခက်လာသည်။မျက်လုံးတွေပြာဝေလာသည်။ရှိသမျှအားအကုန်စုပြီးခေါ်မိသည့် နာမ်စားကတစ်ခုတည်း...
"လီနို!!!"
"မာမား"
မာမီ့ကိုအော်ခေါ်ပြီး နိုးလာတဲ့ မာမားကြောင့်အယ်နို အနားသွားလိုက်သည်။
"မာမား သတိရလာပြီလား မာမားမေ့နေတာ တစ်ရက်ရှိပြီ"
"ဘာ တစ်ရက်ဟုတ်လား ငါ့ကိုဆေးရုံမှာ သက်တောင့်သက်သာတင်ထားပြီး မင်းတို့မာမီကိုဒီတိုင်းထားထားတာလား သေနတ်ထိထားခံရတဲ့လူကိုလေ"
"မာမား"
အယ်နို့အသံက မာမားနားထဲမတိုး။လီရာလေးကတော့ ချောင်လေးမှာသာကပ်ကြည့်နေသည်။တရှုံ့ရှုံ့ငိုရင်းနဲ့ပေါ့။
"လီနိုမန်နိုဘန်ဆီကို ငါသွားမယ် မင်းတို့မာမီဆီ မင်းတို့မသွားရင်ငါသွားမယ် သေလားရှင်လားတောင်မသိရတဲ့ ငါ့ဇနီးဆီကို"
"ရူဘီ"
လီနို့ရင်ထဲ ဝမ်းနည်းဝမ်းသာ။ သူကိုယ့်ကိုချစ်တာသိရလို့ ဝမ်းသာပေမဲ့ အခုလို အရူးမီးဝိုင်းပုံစံကိုတော့ ရင်ထဲမခံစားနိုင်။ကိုယ့်အသံတောင် နားထဲမဝင်သည်အထိ ပူလောင်နေတာလား အချစ်ရယ်။
YOU ARE READING
A 𝚃𝚄𝙶 𝙾𝙵 𝚆𝙰𝚁
Fanfictionလွန်ကြိုးဆိုတာလည်း လူနှစ်ဦးကြားကနေ တစ်မျိုးလေးဆက်သွယ်ထားပေးတဲ့ တံတားတစ်ခုပဲ.....ပြိုင်ပွဲဆိုရင်တောင်မှပေါ့ (𝚜𝚑𝚘𝚛𝚝 𝚜𝚝𝚘𝚛𝚢 𝚘𝚏 𝙹𝙻)