နေရာ 1

474 9 1
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၁)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****

   လင်းနေတဲ့နေရာမို့  ကျွန်မရှိနေတာမဟုတ်ဘူး .........

  ကျွန်မရှိနေခဲ့လို့ လင်းနေတာ.....

*********************

" ဘွဲ့လဲရပြီးသားပဲဟာ ....အိမြတ်တို့ကုမ္ပဏီမှာပဲဖြစ်ဖြစ် အလုပ်ဝင်ပါလား  ...အသက် (၂၇)နှစ်ဆိုတော့ အလုပ်လျှောက်လို့ရနိုင်သေးတယ်...ဒီထက်အသက်ကြီးသွားရင်တော့ ....ဘွဲ့လက်မှတ်တစ်ခုနဲ့တင်မရတော့ဘူး.... သင်တန်းဆင်းလက်မှတ်ပေါင်းစုံရှိနေမှ အလုပ်တစ်ခုကရတော့မှာ မိဝါဆိုရဲ့ ....."

        သူမအလုပ်လုပ်နေရာနောက်သို့ တကောက်လျှောက်လိုက်ကာ တတွတ်တွတ်ပြောနေသော မိခင်ဖြစ်သူကို လှည့်ကြည့်လိုက်ပြီး ဝါဆိုဖူးသက်ပြင်းချလိုက်မိသည်။

" အမေရယ်...အခုလဲ သမီးအလုပ်လုပ်နေတာပဲလေ...မိုးလင်းမိုးချုပ် ဘယ်သူ့မျက်နှာမှကြည့်စရာမလိုဘဲ အလုပ်လုပ်နေရတာ ဘယ်လောက်ကောင်းလဲ  "

" ဒါတော့ဒါပေါ့ သမီးရယ် ..ဒါပေမဲ့ ..တစ်နေ့တစ်နေ့ မိုးလင်းမိုးချုပ်နားရတယ်မှသိပ်မရှိတာ ...အိမြတ်ဆိုရင် လှလှပပလေးဝတ်စားပြီး ..အဲကွန်းခန်းထဲမှာ ဇိမ်ကျကျနဲ့အလုပ်လုပ်နေရတာဘယ်လောက်တောင်ကောင်းလဲ....သမီးကိုလဲ အံ့ဒီလိုပဲအလုပ်လုပ်စေချင်တာ ''

       သမီးဖြစ်သူကိုကြည့်ပြီး ဒေါ်ရီရီဦး စိတ်မကောင်းစွာပြောလိုက်မိသည်။ဖခင်ဖြစ်သူ ဆုံးပါးသွားသောအချိန်မှစ၍ မိခင်နှင့်အတူ အိမ်၏စီးပွားရေးကိုပါ ဝိုင်းကူပေးခဲ့ရသောသမီးကြီး။ဒေါ်ရီရီဦးမှာ ခင်ပွန်းဖြစ်သူရှိစဉ်က စီးပွားရေးအသင့်အတင့်ရှိခဲ့သော်လည်း ခင်ပွန်းဖြစ်သူ ဆုံးပါးသွားသောအခါ  သားသမီးနှစ်ယောက်နှင့်စီးပွားရေးအခြေမပျက်စေရန် အိမ်ရှေ့တွင်ကုန်စုံဆိုင်ကိုဖွင့်ခဲ့ရသည်။ထိုကုန်စုံဆိုင်နှင့်ပင် သားမိသုံးယောက် အခြေမပျက်အနေမပျက်အောင်ကြိုးစားရုန်းကန်ခဲ့ရသည်။လက်ရှိနေနေသော ရပ်ကွက်ထဲတွင် နှစ်ဖက်ဆွေမျိုးဝမ်းကွဲများရှိသော်လည်း သူတို့သည်လည်း သူတို့မိသားစုနှင့်သူတို့စီးပွားနှင့်ဖြစ်နေကြသောကြောင့် ဒေါ်ရီရီဦးတို့ သာမိသုံးယောက်ကို အားပေးစကားပြောရုံမှာလွဲ၍ ငွေအားနှင့်တော့မကူညီနိုင်ခဲ့ကြပါလေ။ဒေါ်ရီရီဦးအဖို့လည်း ခင်ပွန်းဖြစ်သူချန်ခဲ့သော အိမ်နှင့်ငွေကြေးအချို့ကိုပျောက်ပျက်မသွားစေရန် ကြိုးစားထိန်းသိမ်း၍ သားနှင့်သမီးကို မျက်နှာမငယ်ရအောင် ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့သည်။သမီးဝါဆိုဖူးသည် သမီးဦးဖြစ်၍လားမသိ။မိခင်နှင့်မောင်ငယ်အပေါ်တွင် ညှာတာလွန်းသည်။စာနာလွန်းသည်။ဆယ်တန်းကိုနှစ်ချင်းပေါက်အောင်အောင်ကြိုးစားဖြေခဲ့ပြီး အဝေးသင်တက်ကာ ဘွဲ့တစ်ခုရအောင်ကြိုးစားခဲ့သည်။ဘွဲ့ရပြီးသွားသောအခါတွင်လည်း ပြင်ပအလုပ်ထွက်မလုပ်ဘဲ မိခင်ကြီး၏ကုန်ခြောက်ဆိုင်ကို မီနီမတ်ပုံစံမျိုးလေးဖြစ်လာသည်အထိကြိုးစားပြီး အလုပ်လုပ်ခဲ့သူဖြစ်သည်။

နေရာWhere stories live. Discover now