#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၂၁)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****ကောက်ကျစ်ယုတ်မာလှသော အိမြတ်ချယ်ကိုကြည့်ပြီး ဘုန်းတေဇသည် တစ်ခဏမျှ ကြောင်အတိတ်ဆိတ်သွားမိပြီးမှ သတိပြန်ဝင်လာခဲ့ပြီးနောက် သူ၏ခြေလှမ်းများကို ချက်ချင်းပင်နောက်သို့လှမ်းဆုတ်လိုက်လေ၏။ပြီးလျှင် အိမြတ်ချယ်ကို စက်ဆုပ်ရွံရှာစွာကြည့်လိုက်မိပြီး
'' ခင်ဗျားက သိပ်ကိုကြောက်စရာကောင်းတဲ့မိန်းမပါလားဗျ ဒေါ်အိမြတ်ချယ်....ယောက်ျားတွေကိုဒီလိုပုံစံမျိုးနဲ့ ခြိမ်းခြောက်ပြီးတော့ ကျုံးသွင်းခဲ့တာလား .... ဒါပေမဲ့ ခင်ဗျားမှတ်ထားလိုက်ပါ ...အဲ့ဒီလိုယောက်ျားတွေထဲမှာကျုပ်မပါဘူး...ခင်ဗျားကြောင့် မိသားစုတွေဘယ်လောက်တောင်ပျက်စီးခဲ့ကြပြီးပြီလဲ .....ခင်ဗျားမှာကိုယ်ချင်းစာနာတတ်တဲ့စိတ်မရှိဘူးလား ... အကြောက်တရားနဲ့အရှက်တရားရောမရှိဘူးလား....ခင်ဗျားလို ရွံစရာကောင်းတဲ့မိန်းမကို ကျုပ်ကဂရုစိုက်မယ်များထင်နေတာလား....ခင်ဗျားအရှက်မကွဲချင်ဘူးဆိုရင် အခုချက်ချင်းကျုပ်ရဲ့တိုက်ခန်းထဲက ထွက်သွားပါ....နောက်နောင်လဲ ဘာကိစ္စနဲ့မှထပ်မလာပါနဲ့.....ခင်ဗျားလို စည်းမရှိတဲ့သူမျိုးနဲ့လဲ ...ဘယ်တော့မှအလုပ်တွဲမလုပ်ဘူးဆိုတာကိုမြဲမြဲမှတ်ထားပါ "
" ဘာ...မင်းလို မလောက်လေးမလောက်စားကောင်လေးကများ ငါ့ကိုလာပြောရဲတယ်ဟုတ်လား..ဘာလဲ ...မင်းက ငါ့ကိုစိန်ခေါ်တာလား ...မင်းလိုကောင်မျိုးတွေပဲ တစ်နေ့မှာ ငါခြေထောက်ကိုနမ်းရှိုက်ကုန်ကြတာ....မင်းအခုချက်ချင်း ငါ့ကိုပြန်တောင်းပန်ပါ...မတောင်းပန်ဘူးဆိုရင်တော့ မင်းဘဝကိုသံတိုင်တွေနောက်မှာကုန်ဆုံးသွားအောင် လုပ်ပစ်မှာနော်....ဒီလိုဆိုရင်တော့ နာမည်ကြီးလှပါတယ်ဆိုတဲ့ မင်းဘဝတစ်ခုလုံးနဲ့လဲ အဖတ်ဆယ်လို့မရအောင် ပျက်စီးသွားမှာနော် သိရဲ့လား ..ဟင်း ..ဟင်း "
အိမြတ်ချယ်သည် ဘုန်းတေဇ၏အနီးသို့ တိုးကပ်သွားလိုက်ပြီးလျှင် ခန္ဓာကိုယ်လေးကိုလှုပ်ခါလျက် မခိုးမခန့်ရယ်မောကာ ပြောလိုက်လေသည်။
YOU ARE READING
နေရာ
Romanceလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ