#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၂၅) (ဇာတ်သိမ်းပိုင်း)
akyiphyu
*****a*****k *****y*****i***** p*****h *****y****ဒေါ်ရီရီဦးသည် အိမြတ်ချယ်အား ခက်ထန်သောမျက်နှာနှင့်ကြည့်လိုက်ပြီး
" မင်းပြောတိုင်း ...ငါကယုံမယ်ထင်နေလား...မင်းလိုမျိုးကလိမ်ကကျစ်ဉာဏ်နဲ့ လူမျိုးရဲ့စကားကို...ငါဘယ်တော့မှမယုံဘူး....မင်းအခုချက်ချင်းငါတို့ဆိုင်ထဲကထွက်သွားစမ်း "
" အို ...သွားမှာပါရှင်...ဒါနဲ့ ....အန်တီရဲ့သမီးအလိမ္မာလေးဘယ်မှာလဲရှင် ...ကြည့်ရတာသူများရည်းစားနဲ့နောက်မီးလင်းနေတယ်ထင်တယ် "
" ဘာ ..မင်းအခုချက်ချင်းထွက်သွားစမ်း "
" အမေ ..ဘာဖြစ်တာလဲ ....ဟင် ... ခင်ဗျားက ကျူပ်တို့ဆိုင်ကို ဘာလာလုပ်တာလဲ...အခုချက်ချင်းကျုပ်တို့ဆိုင်ထဲကထွက်သွားပါ "
ဒေါ်ရီရီဦး၏အသံမှာ အနည်းငယ်ကျယ်သွားခဲ့သောကြောင့် စာသောက်ကုန်တန်းထဲတွင်ရှိနေခဲ့သော ဝေလင်းဦးသည် မိခင်ကြီးရှိရာဆီသို့ အပြေးရောက်လာခဲ့လေသည်။မိခင်ကြီးအနားသို့ရောက်လာခဲ့သော ဝေလင်းဦးသည် အိမြတ်ချယ်ကိုတွေ့လိုက်ရသောကြောင့် ဒေါသတကြီးနှင့် မောင်းထုတ်လိုက်လေသည်။
" အမယ်လေးဟဲ့ သွားမှာပါ...သားအမိတွေတစ်ပုံစံတည်းပဲ ရိုင်းလိုက်ကြတာ...အောက်တန်းစားတွေအဆင့်အတန်းကိုမရှိကြဘူး "
အိမြတ်ချယ်သည် သူမက တစ်ပြန်ပြောဆိုပြီးနောက် ဆိုင်ထဲမှ ခြေသံပြင်းပြင်းနင်းလျက် ထွက်သွားခဲ့လေသည်။
''အမေ ... ဘာဖြစ်တာလဲ ...အဲ့ဒီမိန်းမက ဘာလာလုပ်တာလဲ "
သားဖြစ်သူ၏အမေးကို ဒေါ်ရီရီဦးကမဖြေဘဲ အံကိုကြိတ်လိုက်ပြီး
" မင်းအစ်မ ပြန်မလာသေးဘူးလား "
" ဟုတ်ကဲ့ ..မလာသေးဘူး အမေ "
" အေး .. မင်းအစ်မဆီကို ဖုန်းဆက်ပြီး ခုချက်ချင်းပြန်လာခိုင်းလိုက်စမ်း "
" ဟုတ်.... ဟုတ်ကဲ့ အမေ "
ဒေါ်ရီရီဦးသည် သားဖြစ်သူကိုပြောပြီးနောက် အိမ်တွင်းသို့ဝင်ရောက်သွားခဲ့လေသည်။
~~~a~~~k~--~~y~~~i~~~~p~~~h~~y~~~u~~~~
YOU ARE READING
နေရာ
Romantizmလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ