နေရာ 22

136 12 0
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၂၂)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****

" တောက် "

     တပည့်လေးဖြစ်သူ မက်ဆင်ဂျာမှ ပို့ထားသောဓါတ်ပုံများကိုကြည့်ပြီး ပိုင်စိုးခန့်တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်သည်။ဝါဆိုဖူးကို စောင့်ကြည့်ပေးထားပါရန် တပည့်လေးတစ်ယောက်ကို အကူအညီတောင်းထားခဲ့ရာ သူ့ထံသို့ဓါတ်ပုံများ ပေးပို့လာခဲ့ခြင်းဖြစ်လေသည်။ဓါတ်ပုံတွေထဲတွင် ပိုင်စိုးခန့်မသိသောအမျိုးသားတစ်ယောက်နှင့် ဝါဆိုဖူးတို့ဆိုင်ထိုင်ကာ စကားပြောနေသော ပုံကိုတွေ့ရသလို အများဆုံးပုံများမှာ ဘုန်းတေဇနှင့်ပုံများသာဖြစ်လေသည်။ဓါတ်ပုံထဲတွင် တွေ့ရသော ဘုန်းတေဇ၏အကြည့်များမှာ ဝါဆိုဖူးအပေါ်တွင် မရိုးသားသော အကြည့်များဖြင့် ကြည့်နေသည်မှာ ထင်ရှားပေါ်လွင်လှလေသည်။ဓာတ်ပုံများကိုကြည့်နေရင်းမှ ပိုင်စိုးခန့် ဒေါသစိတ်ကို မထိန်းနိုင်တော့ဘဲ ဖုန်းကိုခေါ်လိုက်သည်။

~~~~ a~~~K~~~~y~~~~i~~~~p ~~~~h~~~y-~~ u~~~

" ဆရာ ..ကျွန်တော့်ရောက်ပါပြီ "

    ဘုန်းတေဇသည်  ပိုင်စိုး ခန့်၏ရှေ့တွင် ရပ်လိုက်ပြီး ခေါင်းကိုညွှတ်လျက် ရိုသေလေးစားစွာပင် နှုတ်ဆက်လိုက်သည်။သူပြန်ရောက်နေခဲ့သည်မှာ လအနည်းငယ်ကြာခဲ့ပြီဖြစ်သော်လည်း ဆရာပိုင်စိုးသည် ဤကဲ့သို့ရိုက်ကွင်းဆီသို့ ခေါ်ယူတွေ့ဆုံခဲ့ခြင်းမျိုးမရှိခဲ့ပေ။ယခုလိုမျိုး တကူးတကခေါ်လိုက်ခြင်းသည် ကိစ္စတစ်ခုခုတော့ရှိနေပြီမှန်း ဘုန်းတေဇရိပ်မိလိုက်ပါလေ၏။ရိုက်ကွင်းသို့ ဘုန်းတေဇရောက်လာသောအခါ ဆရာပိုင်စိုးက ရိုက်ကွင်းမှလူများနှင့်ဝေးရာသို့ လျှောက်လာခဲ့လေ၏။ဘုန်းတေဇလည်း နောက်မှလိုက်လာခဲ့လိုက်လေသည်။

" မင်းက .... ဘာအချိုးချိုးတာလဲကွ ..... ရှေ့မှာတော့ ဆရာခေါ်ပြီး ....ငါ့နောက်ကွယ်ရာမှာ...  ငါ့ချစ်သူကို  ကြောင်တောင်နှိုက်ဖို့ကြိုးစားနေတာပေါ့ဟုတ်လား  "

        ဒေါသတကြီးနှင့် ပြောလိုက်သော ဆရာပိုင်စိုးကို ဘုန်းတေဇ မျက်နှာထားတည်တည်နှင့်ပြန်ကြည့်လိုက်ပြီး

နေရာWhere stories live. Discover now