နေရာ 9

129 11 1
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၉)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****
     
        အပြင်မှပြန်လာပြီးကတည်းက အခန်းထဲမှာ ငါဆိုဖူးဝင်လှဲနေခဲ့သည်။မိခင်ကြီးသည် သူမအခန်းဆီသို့ တစ်ခေါက်လာတက်ကြည့်သည်ကိုလည်း သူမသိနေပါသည်။လူမှာမျက်လုံးများမှိက်ထားသော်လည်းအိပ်၍မပျော်ပါ။ရင်ထဲမှနာကျင်မှုသည် မျက်ရည်များအဖြစ် စီးကျမလာခဲ့သောအခါ ပို၍ခံရခက်လှပေသည်။မဖြစ်နိုင်ပါဟု အကြိမ်ကြိမ်ငြင်းဆန်နေသည့်ကြားမှ အမှန်တကယ်ဖြစ်လာခဲ့သော အဖြစ်အပျက်ကြီးမှာသူမအတွက်ဆိုးဝါးလွန်းလှပါသည်  ။ဆယ်ကျော်သက်အရွယ်ကတည်းမှ သံယောဇဉ်တွယ်ခဲ့ရသော အချစ်ဦးသည် သူမပေါ် ဤမျှရက်စက်လိမ့်မည်ဟု အိပ်မက်မျှပင် မမက်ခဲ့ဖူးချေ။သူတို့နှစ်ယောက်ချစ်နေကြသည်ဆိုလျှင်လည်း သူမကို ပွင့်ပွင့်လင်းလင်းပြောပြသင့်သည်။ ငယ်သူငယ်ချင်းအရင်းခေါက်ခေါက်သည်လည်း ဘယ်အတွက်ကြောင့်များ ဤသို့လုပ်ရပ်ရပါသနည်း။အတွေးများကြားတွင် ချာချာလည်နေရင်းမှ အိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်နှင့် ဖြစ်နေမိလေသည်။

" သမီး အိပ်နေလား  "

         တိုးညှင်းလှသော မေးသံသဲ့သဲ့ကြောင့် ဝါဆိုးဖူးလှဲနေရာမှထထိုင်လိုက်သည်။

' အိပ်မပျော်ပါဘူး အမေ ... ခေါင်းတွေအုံနေလို ဝင်လှဲနေတာပါ...သမီး ဘာလုပ်ပေးရမလဲဟင် "

" ခေါင်းတွေအုံနေတာလား ..ဒါဆိုလှဲနေလေသမီး .. မစိုး ရောက်လာလို့ပါ ...အပေါ်ထပ် ကိုပဲ ခေါ်ခဲ့လိုက်မယ်လေ ..သံပရာရည်လေးသောက်မလား သမီး ...အမေလုပ်ခဲ့လိုက်မယ်နော် "

" ဟို..ဟို ..မလုပ်ပါနဲ့ အမေရယ် ...အ...အလုပ်တွေ ရှုပ်ပါတယ် "

" သံပုရာရည်ဖျော်တာများ.ဘာရှုပ်လို့လဲကွယ် ... အမေတို့ကြောင့် သမီး ဒီလောက်ပင်ပန်းနေတာကိုး "
  
        ပြောပြောဆိုဆိုနှင့် အပြင်သို့ ပြန်ထွက်သွားသော မိခင်ကြီးကိုကြည့်ပြီး တစ်ချိန်လုံးမကျခဲ့သောမျက်ရည်သည် ပေါက်ခနဲ ပေါက်ခနဲစီးကျလာခဲ့ရသည်။"အမေတို့ကြောင့် မဟုတ်ပါဘူးအမေရယ် ...သစ္စာဖောက်ကောင်ကြောင့်  သမီး အခုလိုပုံစံဖြစ်နေရတာပါ အမေရယ် " ဟုစိတ်ထဲမှ ဝမ်းပန်းတနည်း အော်ဟစ်ပြောနေမိလေသည်။

နေရာWhere stories live. Discover now