နေရာ 23

126 5 0
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၂၃)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****

" တောက် "

          ဘုန်းတေဇ တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်မိသည်။လိုင်းပေါ်မှာက ငွေလဲရလူသိများလျှင်ပြီးရောဆိုပြီး လုပ်စားနေသောအွန်လိုင်းမီဒီယာတစ်ခုမှနေ၍ မဟုတ်မမှန်သတင်းများကို တင်လိုက်ခြင်းက သူ၏ဂုဏ်သိက္ခာနှင့်အလုပ်ကိုပါ အကြီးအကျယ်ထိခိုက်သွားစေနိုင်သည်။ယခုလိုမျိုး စီးပွားရေးလူမှုရေးနှင့် အစစအရာရာကျပ်တည်းနေချိန်မျိုးမှာ လူအများ၏စိတ်တွေကလည်း မွန်းကျပ်နေခဲ့သည့်အချိန်။ထိုကြောင့် လူအများစုမှာ ဆတ်ဆတ်ထိမခံဖြစ်နေကြပြီး တစ်ခုခုဆိုလျှင်ကိုယ်နှင့်ဆိုင်ဆိုင်မဆိုဆိုင်ဝင်ဆဲလိုက်ကြ။ဝင်ပြောလိုက်ကြ။တစ်ဖက်လူကို နှစ်ပြားမတန်အောင်ဝင်ရေးလိုက်ကြနှင့် သူတို့၏ စိတ်သောကမွန်းကျပ်မှုများကိုဖြေဖျောက်ကြရန်ဝင်ရောက်ရေးသားကြလေသည်မှာ ထုံးစံလိုဖြစ်နေခဲ့သည်။သူတို့အတွက်အမှားအမှန်ဆိုတာ ခွဲခြမ်းစိတ်ဖြာနေစရာမလို။အဓိကက သူတို့အတွက်ဝင်ရောက်ပြောဆိုဆဲဆိုကြဖို့ရန်သာဖြစ်သည်။ဤဒဏ်များကို ဘုန်းတေဇအနေနှင့်ခံနိုင်ရည်ရှိပါလေ၏။သို့သော်လည်း မမတို့မိသားစုအဖို့အထင်လွဲသွားရမည့်ကိစ္စမျိုးကိုတော့ သူမလိုလားပေ။ဤပြဿနာသည် ယခင်ကလိုမျိုး မသိကျိုးကျွံပြု၍ကျော်လွှားသွားလို့ရမည့်ပြဿနာမဟုတ်မှန်း ကောင်းကောင်းသဘောပေါက်နားလည်လိုက်လေသည်။

~~~~ a~~~~K~~~~y ~~~~~i~~~~P~~~~h~~~~~~y~~~~u~~~~

" မမ  ဒီမှာကြည့်ပါအုံး ...ဟိုမိန်းမကလေ ...တေဇနဲ့လဲငြိခဲ့သေးတာလား...အဲ့ဒီကိစ္စကိုမမသိလား "

    မောင်ဖြစ်သူမှာ ဖုန်းကြည့်နေရင်းမှ ဝါဆိုဖူးကိုခေါ်ပြသောကြောင့် ဝါဆိုဖူးသွားကြည့်လိုက်မိလေသည်။မောင်ဖြစ်သူပြသော အတင်းအဖျင်းများတင်သည့် မီဒီယာတစ်ခုမှသတင်းကိုကြည့်ပြီး ဝါဆိုဖူးမှာ မျက်လုံးပြူးသွားရလေသည်။

" မ..မဖြစ်နိုင်တာ...သူတို့နှစ်ယောက်...အဲ့ဒီတုန်းက ဘာမှမပတ်သက်ခဲ့ပါဘူးမောင်လေးရယ်....အိမြတ်ချယ်က ကိုဘုန်းကို ဘယ်လောက်တောင်အထင်သေးလိုက်လဲ..ဝတုတ်ကြီးဆိုပြီး စကားတောင်ကောင်းကောင်းပြောတာမဟုတ်ဘူးလေ...သူတို့အကြောင်းကိုမမထက်ဘယ်သူကပိုသိမှာလဲ ....အလကားလုပ်ဇာတ်တွေ...ကိုဘုန်းနာမည်ကြီးလာလို့ ကပ်ချင်နေတာနေမှာပေါ့ "

နေရာWhere stories live. Discover now