နေရာ 5

132 8 2
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၅)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****

       ချစ်သူ၏အသံကိုကြားလိုက်ရသောအခါမှ ဝါဆိုဖူးရင်ထဲတွင့် စိတ်ထင့်နေတာပျောက်ပျက်သွားရလေသည်။

" မိုးတွေမိလာသေးတာလား..ဆံပင်တွေကိုခြောက်အောင်သုတ်ပြီးမှအိပ်နော်ကိုပိုင် ...ဘာမှမစားဘဲနဲ့လဲအိပ်မနေနဲ့အုံး.....တစ်ခုခုသွားစာအုံးနော် "

" ဟုတ်ကဲ့ပါဗျာ ... ချစ်နဲ့ဖုန်းပြောပြီးမှ သွားစားလိုက်မယ်လေ ...အခုမှ ခြောက်နာရီဆိုတော့ စောပါသေးတယ်... "

" ဟူတ်ပါပြီ ...အခုမှရေချိုးပြီးတာမဟုတ်လား..ခေါင်းကိုခြောက်အောင်သုတ်ပြီး ထမင်းသွားစားတော့လေ..ဝါဆိုဖုန်းချလိုက်တော့မယ် ..ကျန်းမာရေးဂရုစိုက်နော်ကိုပိုင် "

       ဝါဆိုဖူးချစ်သူကိုနှုတ်ဆက်ကာ ဖုန်းကိုချလိုက်သည်။ရင်ထဲမှာအေးချမ်းသွားသော်လည်း စိက်ကခပ်ထွေထွေဖြစ်နေခဲ့သည်။

~~~a~~~k~~~y~~~i~~~~p~~~~h~~y~~~~u~~~~~~

" ဝါဆိုဘာတွေပြောသွားသေးလဲ မောင် ...မသင်္ကာတဲ့ပုံစံတော့ မဟုတ်ဘူးမလား "

      အိမြတ်ချယ်ကအလှဆုံးပြင်ဆင်ထားခဲ့ပြီးနောက် ပိုင်စိုးခန့်၏ ရင်ခွင်ထဲသို့တိုးဝင်ကာ မေးလိုက်သည်။

" အင်း ..ဘာမှတော့မပြောဘူး ..တော်ကြာနေ ဝါဆိုကဗီဒီယို ကောပြောချင်တယ်ဆိုရင် ပြဿနာဖြစ်နိုင်တယ်..ကြိုတင်ပြင်ဆင်ထားမှဖြစ်မယ်ထင်တယ်် "

" ဘာခက်လို့လဲ ဟိုဘက်မှာတစ်ယောက်အိပ်ခုတင်တစ်လုံးရှိနေတာပဲ ....ဘာတွေများစိတ်ပူနေတာလဲ မောင်ရဲ့ "

        အိမြတ်ချယ်ပြောလိုက်သောအခါမှပင် အခန်းကျယ်ငှားထားရသောအကြောင်းအရင်းကို  ပိုင်စိုးခန့်သဘောပေါက်နားလည်သွားရလေသည်။

" ကဲပါမောင်ရယ်... ငူငူငိုငိုင်ကြီးထိုင်မနေစမ်းပါနဲ့....အပြင်သွားကြရအောင်လေ "

      အိမြတ်ချယ်က ပိုင်စိုးခန့်၏ လည်ပင်းကိုသိုင်းဖတ်လိုက်ပြီး ချွဲချွဲနွဲ့နွဲ့နှင့်ပြောလိုက်လေသည်။ထိုစဉ်မှာပင် အိမြတ်ချယ်၏ဖုန်းဆီမှ ဖုန်းသံထွက်ပေါ်လာခဲ့နေသည်။အိမြတ်ချယ်သည် ဖုန်းမျက်နှာပြင်ကိုကြည့်လိုက်ပြီးနောက် ပိုင်စိုးခန့်ကိုမော့ကြည့်လိုက်လေသည်။

နေရာWhere stories live. Discover now