နေရာ 2

152 4 0
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၂)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****

" ဒါနဲ့ ..နေပါအုံး မအိမြတ်ရဲ့..နင့်ကိုသားပေါက်ကစိတ်ဝင်စားနေတာဆို ဟုတ်လား ..နင့်ကိုဖွင့်ပြောတာလား "

      အသံတိတ်ဆိတ်သွားသော အိမြတ်ကို ဝါဆိုဖူးမေးလိုက်သည်။အိမြတ်က အလုပ်ပိတ်ရက်ဆိုလျှင် ဆိုင်ကိုလာလည်နေကြဆိုတော့ အနည်းဆုံးတစ်ပတ်တစ်ခါလောက်တော့ ဝါဆိုဖူးတို့တွေ့ဖြစ်ကြသည်။ယနေ့လည်းအလုပ်ပိတ်ရက်ဆိုတော့ အိမြတ်တစ်ယောက် ဝါဆိုဖူးတို့ဆိုင်သို့ အလည်ရောက်လာခဲ့ခြင်းဖြစ်သည်။

" အလကားငချွတ်ပါဟာ.....ဒီခေတ်က မမနဲ့မောင်လေးခေတ်ဆိုပေမဲ့ ..သူ့လိုဝတုတ်ရုပ်ဆိုးနဲ့ငါကတွဲစရာလားဝါဆိုရဲ့..ရုပ်ဆိုးတာအသာထား..ချမ်းသာလားဆိုတော့လဲ ... ဆယ့်နစ်ပေပေငါးဆယ်တိုက်ခန်းကျဉ်းလေးမှာမိသားစုသုံးယောက်စုနေရတဲ့သူကများ ..ငါ့ကို စိတ်ဝင်စားတယ်တဲ့လေ...ငါ့ဖိနပ်တစ်ရန်ဘယ်လောက်ရှိလဲပြောလိုက်ရင်... ဖျားသွားမဲ့ငချွတ်ကများ "

" ဟယ်..အိမြတ်ရယ်..သူ့ကိုတော့... အဲ့ဒီလိုပြောလိုက်တာမဟုတ်ပါဘူးနော် "

      ဝါဆိုဖူးအလန့်တကြားနှင့်မေးလိုက်မိလေသည်။

"ပြောလိုက်တယ်လေ..ဘာဖြစ်လို့လဲ..သူကမတန်မရာလာပြောနေလို့ ပြောလိုက်တာလေ....ဘာလဲ ...နင်က ကိုယ့်သူငယ်ချင်းဘက်ကမပါဘဲ ...သူ့ဘက်ကပါနေတာလား "

     အိမြတ်က ခပ်စွာစွာလေးရန်တွေ့တော့ ဝါဆိုဖူးသက်ပြင်းကို ဟူးခနဲမှုတ်ထုတ်လိုက်မိသည်။

" အိမြတ်ရယ်..ငါက သူငယ်ချင်းဘက်ကပဲ ပါမှာပေါ့ဟယ်..ဒါပေမဲ့ ... ငါ့မှာလဲမောင်လေးတစ်ယောက်ရှိတော့ ငါ့ခံစားချက်ကိုနင်နာမလည်နိုင်ပါဘူးဟယ်...နင့်မှာကမောင်လေးမှမရှိတာ.....ငါတွေးမိတာကလေ ...ငါ့မောင်လေးလဲ အဲ့ဒီလိုအပြောခံရမလားလို့တွေးလိုက်မိလို့ပါ ..ငါ့မောင်လေးလဲ သားပေါက်နဲ့အသက်တူတူပဲလေဟယ် "

" ဟာ..ဝါဆိုရယ်..နင်ကလဲနှိုင်းစရာရှားလို့ဟယ်...နင့်မောင်ဝေလင်းက အဲ့ဒီလိုကောင်လေးမျိုးမှမဟုတ်တာ...ရုပ်ရည်ကအစ ကွာပါတယ်ဟယ် "

နေရာWhere stories live. Discover now