#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၁၇)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****
" မမ "
ခေါ်သံကြောင့် ဝါဆိုဖူးခေါင်းမော့ကြည့်လိုက်သောအခါတွင် ဘုန်းတေဇကိုတွေ့လိုက်ရလေသည်။အိမ်မှာရှိနေလျှင် လှစ်ခနဲလှစ်ခနဲရောက်ရောက်လာတတ်သော ဘုန်းတေဇ ။ယခုလည်းရောက်လာခဲ့ပြန်လေပြီ။" ဒီနေ့အလုပ်နားတာလား ကိုဘုန်း "
ဝါဆိုဖူး အလိုက်သင့်ပြန်နှုတ်ဆက်လိုက်သည်။
" အလုပ်မနားဘူးမမ...ခရီးသွားမလို့လေ... နှစ်ရက်သုံးရက်လောက်ကြာမယ်ထင်တယ် ... ပုဂံဘက်သွားမှာ မမဘာမှာအုံးမလဲလာမေးတာ "
" မမှာတော့ပါဘူး ကိုဘုန်းရယ် ... အလုပ်တွေရှုပ်ပါတယ်....အိမ်ကိုသာသေချာ ပိတ်ခဲ့နော် "
" ဟုတ်ကဲ့ မမ ...မှာချင်တာရှိရင် ဖုန်းဆက်လိုက်နော် "
" အင်းပါ ..ကျန်းမာရေးဂရုစိုက်နော် "
" ဟုတ်ကဲ့ မမ....ကျွန်တော် သွားတော့မယ်နော် "
ဘုန်းတေဇပြန်သွားတာကို ဝါဆိုးဖူးအဓိပ္ပါယ်မဲ့လိုက်ကြည့်နေမိသည်။ဒီကောင်လေးအပေါ် ဟိုယခင်ကထားရှိခဲ့သော သနားစိတ်ကြောင့်လည်း ပိုပြီးခင်မင်ခဲ့မိပါသည်။နှစ်ယောက်သားကြားတွင် ဖြူဖြူစင်စင်နှင့် ခင်မင်နေမိကြသော်လည်း ဝါဆိုဖူး၏စိတ်တွင် မည်သည်ကိုစိုးရိမ်မှန်းမသိစိုးရိမ်နေမိသည်။ဘုန်းတေဇကိုမြင်တိုင်း အိမြတ်ချယ်အကြောင်းကို စဉ်းစားမိသည်။တစ်ချိန်ချိန်မှာ သူတို့နှစ်ယောက်ကြားတွင် သူမဝင်ရှုပ်မိသလိုဖြစ်နေမှာကို စိုးရိမ်နေမိသည်။ပြောရမည်ဆိုလျှင် အိ မြတ်ချယ်ဆိုလျှင် ဝေးဝေးရှောင်ဖို့ရန်သာ စိတ်တွင်တွေးနေမိခြင်းဖြစ်လေသည်။
~~~~a~~~k~~~y ~~~i_~~~~p ~~~ h~~~~y~~~~u~~
အိမြတ်ချယ်သည် ထမင်းဆိုင်ကြော်ငြာတစ်ခုကိုကြည့်နေရင်းမှ ထိတ်လန့်တုန်လှုပ်သည့်အထိအံ့သြသွားရလေသည်။အံ့ဩလွန်း၍ ဖုန်းကိုင်ထားသော လက်များပင်တဆတ်ဆတ်တုန်ယင်သွားလေတော့သည်။အိမြတ်ချယ်မြင်တွေ့လိုက်ရသည်မှာ သားပေါက်၏မိဘများဖွင့်ထားသော ထမင်းဆိုင်ဖြစ်လေသည်။သို့သော်လည်း သူမတွေ့မြင်နေရသည်မှာ ဘုန်းတေဇဖြစ်လေသည်။ဘုန်းတေဇသည် ထမင်းဆိုင်ကိုကြော်ငြာရိုက်ကူးနေရင်းမှ သူ၏မိဘများဆိုင်ဟုထည့်ပြောသွားခြင်းကြောင့် အိမြတ်ချယ်မှာ အလွန်အမင်းအံ့သြတုန်လှုပ်သွားရခြင်းဖြစ်လေသည်။မည်သို့မျှ မယုံကြည်နိုင်သောအဖြစ်အပျက်ဖြစ်သောကြောင့် ဘုန်းတေဇ၏ပုံများကို တစ်ပုံချင်းစီသေချာလိုက်ကြည့်လိုက်လေသည်။ဟိုယခင်က ဝတုတ်ပြဲကာဖောင်းဖောင်းအစ်အစ်ထွားထွားကျိုင်းကျိုင်းကြီးနှင့် ရုပ်ဆိုးလှသော သားပေါက်ဆိုသည့်ကောင်လေးသည် အပြောင်းလဲကြီးပြောင်းလဲသွားခဲ့သည်လား။လမ်းလျှောက်လျှင် ခြေကားလက်ကားနှင့်စည်ပိုင်းကြီးတစ်လုံးလိမ့်လာသလိုပုံစံမျိုးနှင့်သူသည် ငါးနှစ်အတွင်းမှာ ဤမျှပြောင်းလဲသွားသည်မှာတော့ မယုံကြည်နိုင်စရာကောင်းလှပေသည်။ဘုန်းတေဇဆိုသော ကိုလူချောသည် သားပေါက်ဆိုသောကောင်လေးဖြစ်နေမှန်းကို သိလိုက်ရသောအခါ အိမြတ်ချယ်သဘောကျစွာရယ်မောလိုက်မိလေသည်။ထို့အတူ လွန်ခဲ့သောငါးနှစ်ကျော်မှ အဖြစ်အပျက်များကိုပြန်တွေးလိုက်မိကာ စိတ်တွင် ရွှင်မြူးသွားရလေတော့ သည်။
YOU ARE READING
နေရာ
عاطفيةလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ