သက်သာတဲ့အချိန်လေး ရေးနိုင်သလောက်လေးရေးပေးထားပါတယ်ရှင်
#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၆)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****အိမြတ်ချယ်မောင်းလာသောကားလေးသည် တိုက်ခန်းအမြင့်များရှိသော တစ်နေရာသို့ရောက်သောအခါ ရပ်တန့်သွားလေသည်။
" ဆင်းရအောင် မောင်...ရောက်ပြီလေ "
" ဒါကဘယ်နေရာလဲ အိ "
ပိုင်စိုးခန့်ကနားမလည်စွာနှင့်မေးလိုက်သည်။
* လာပါမောင်ရယ်....ဘယ်နေရာလဲဆိုတာ...ရောက်တော့သိမှာပေါ့ "
အိမြတ်ချယ်သည်ပြောပြောဆိုဆိုနှင့် ကားပေါ်မှဦးစွာဆင်လိုက်သည်။ပိုင်စိုး ခန့်သည်လည်း ယောင်နနနှင့်ကားပေါ်မှာဆင်းလိုက်ရလေသည်။ရှေ့မှဦးစွာဆင်းသွားသော အိမြတ်ချယ်သည် ပိုင်စိုးခန့်၏လက်မောင်းကိုဖက်တွယ်လိုက်ပြီး ခြောက်ထပ်အမြင်ရှိသော တိုက်ခန်းတစ်ခုထဲသို့ဝင်လိုက်လေသည်။
" ဘယ်သူ့အိမ်ကိုသွားနေတာလဲအိ ....ကိုယ့်မှာအချိန်မရှိတော့ဘူးနော် ....အိမ်ကိုအချိန်မီပြန်ရောက်မှဖြစ်မှာ...ဒီည မင်္ဂလာပွဲအတွက် စကားပြောကြားဖို့လူကြီးတွေနဲ့ချိန်းထားတယ် "
" ခဏလေးပါမောင်ရယ်..လာပါ ..အိတောင်းပန်ပါတယ်ကွာ ...မောင်တို့ရဲ့မင်္ဂလာပွဲကို အိမနှောက်ယှက်ပါဘူး....ဒါကြောင့် ဒီလောက်လေးတော့ အိပေါ်လိုက်လျောပေးပါနော် "
တိုက်ခန်းလှေကားများကို တက်ရန်တွန့်ဆုတ်နေသော ပိုင်စိုးခန့်ကို အိမြတ်ချယ်က ဆွဲခေါ်ခဲ့လိုက်ရင်းမှ တောင်းပန်စကားပြောလိုက်သည်။ပိုင်စိုးခန့်မှာလှေကားထစ်များပေါ်သို့ မတက်ချင်တက်ချင်နှင့် လှမ်းတက်ခဲ့ရလေသည်။
သူတို့နှစ်ယောက် လှေကားထစ်များအတိုင်းတက်လာကြပြီးနောက် သုံးထပ်မြောက်သောအထပ်သို့ ရောက်သောအခါတွင် အိမြတ်ချယ်က အခန်းရှေ့တွင်ရပ်လိုက်ပြီး တံခါးသော့ကိုဖွင့်လိုက်လေသည်။အိမြတ်ချယ်၏ အပြုအမူများကို ပိုင်စိုးခန့်မှာ နားမလည်နိုင်ဘဲကြည့်နေခဲ့လေသည်။
YOU ARE READING
နေရာ
Romanceလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ