#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၁၉)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****" မင်္ဂလာပါနော် ဝါဆို...တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ "
" ဟုတ်ကဲ့...မင်္ဂလာပါရှင် ကိုညိုချော...ဝါဆိုလဲတွေ့ရတာဝမ်းသာပါတယ်ရှင် "
ရုပ်ရည်မှာကြည့်ကောင်းချောမောသောပုံစံမျိုးထဲမပါသော်လည်း ကိုညိုချောသည်ရည်မွန်သန့်ပြန့်သောအသွင်အပြင်မျိုးရှိလေသည်။ကိုညိုချောကိုဝါဆိုဖူး အလိုက်သင့်ပြုံးပြကာနှုတ်ဆက်လိုက်သည်။ကိုညိုချော၏ ပုံစံသွင်ပြင်သည် အိမ်ထောင်ဦးစီးယောက်ျားတစ်ယောက်အဖြစ် အားကိုးလောက်သောပုံစံမျိုးဖြစ်လေသည်။
" ဝါဆို အပြင်ထွက်တဲ့အချိန်ကို....ချိန်းလိုက်ရတာမို့ အားနာပါတယ်ရှင်...ကိုညိုချောရော အလုပ်အားရဲ့လားရှင်...အိမ်မှာတွေ့ဖို့ကျတော့ သိပ်ပြီးအဆင်မပြေလို့ပါ....ကိုညိုချောအတွက်အဆင်မပြေဖြစ်သွားရင်....ဝါဆို့ဘက်က တောင်းပန်ပါတယ်ရှင် "
" မဟုတ်တာ... ရပါတယ်ဝါဆိုရယ် ... ကျွန်တော်နားလည်ပါတယ်....ကျွန်တော်ကသာ ဝါဆို့ကို အားနာနေမိတာပါ "
ဝါဆိုဖူးတို့နှစ်ယောက်သားစကားပြောနေကြစဉ်မှာပဲ ဝါဆိုဖူး၏မျက်လုံးထဲတွင်တစ်စုံတစ်ယောက်ကိုလှမ်းတွေ့မြင်လိုက်ရသောကြောင့်အံ့သြသွားမိလေသည်။ရုတ်တရက်ကြီး ဘုန်းတေဇကိုတွေ့မြင်လိုက်ရသောကြောင့် ဝါဆိုဖူးမှာ လန့်ဖျပ်သွားမိလေသည်။သူမတို့တွေ မတော်တဆပဲဆုံကြသည်လေလားမသိ။တိုက်ဆိုင်လွန်းလှသော ကံကြမ္မာကိုတော့ ဝါဆိုဖူးအနည်းငယ်စိတ်ပျက်သွားမိလေသည်။သူ့ပုံစံကဦးထုပ်ကိုအနည်းငယ်ခပ်ငိုက်ငိုက်ဆောင်းထားသော်လည်း သူမဆီသို့စူးစူးစိုက်စိုက်နှင့်လှမ်းကြည့်နေသောကြောင့် ဝါဆိုဖူးမှာ ချက်ချင်းမှတ်မိလိုက်ခြင်းပင်ဖြစ်လေသည်။'' ဝါဆို့ဘက်ကနေ .... တွေ့ကြည့်ပါမယ်ဆိုတဲ့စကားပြန်ကိုရတော့....ကျွန်တော်အရမ်းဝမ်းသာသွားမိတယ်....ကျွန်တော်အတွက်တော့....မိဘကသဘောတူလို့လက်ခံတယ်ဆိုတာထက်...ဝါဆို့ရဲ့ဓာတ်ပုံကိုမြင်လိုက်ရကတည်းက ....သဘောကျနှစ်သက်သွားမိလို့လက်ခံခဲ့တာပါ.....ဝါဆိုအနေနဲ့ကျွန်တော့်ကို ချက်ချင်းလက်မခံနိုင်ဘူးဆိုရင်တောင် .....အချိန်ယူပြီးလေ့လာကြည့်လို့ရပါတယ်ခင်ဗျာ "
YOU ARE READING
နေရာ
Romanceလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ