နေရာ 13

125 12 1
                                    

#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၁၃)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****

" ပိုင်စိုးခန့်တို့သားအမိတွေ အိမ်ပြောင်းသွားကြပြီသိလား .....ကြည့်ရတာညကြီးမင်းကြီးပြောင်းသွားကြတာထင်တယ် "

        ရပ်ကွက်ထဲတွင်ဟောင်ဖွာဟောင်ဖွာရှိလှသော အမျိုးသမီးတစ်စုသည် ဈေးဝယ်လာကြသလိုလိုနှင့် ဝါဆိုဖူးမကြားကြားအောင် ပြောနေကြလေသည်။

" အိမ်က အရောင်းတည့်သွားတာလား...ပွဲစားလက်အပ်ပြီးပြောင်းသွားတာလားတော့မသိဘူး....မနေ့ကအထိဘယ်သူ့ကိုမှအရိပ်အယောင်တောင်မပြောဘဲပြောင်းသွားကြတာနော် "

" အန်တီစိုးလဲစိတ်ညစ်မှာပေါ့ဟယ်...ပတ်ဝန်းကျင်ကပြောလို့ရှက်တာကတစ်မျိုး...သားလုပ်သူကလဲ နေ့ရှိသရွေ့အရက်ပဲသောက်နေတာလေ...ကြာတော့စိတ်ညစ်ပြီပေါ့ "

" အေး ... ပြောင်းသွားတာလဲခပ်ကောင်းကောင်းပါပဲအေ ...အန်တီရီတို့သားအမိတွေလွတ်လပ်လပ်ဖြစ်သွားတာပေါ့ "
         ပြောနေကြသော စကားများကိုဝါဆိုဖူးမသိချင်ယောင်သာဆောင်နေလိုက်ပါလေသည်။အချိန်တန်လျှင် သူတို့သည်လည်း ဤအကြောင်းအရာများကို မေ့ပျောက်သွားကြလိမ့်မည်ဖြစ်ပါလေသည်။သည်အတွက်ကြောင့်တော့ ဝါဆိုဖူးမှာရှက်ခြင်း၊ ကြောက်ခြင်းနှင့်ပြန်လည်ပြောဆိုဖြေရှင်းခြင်းများမပြုရန် ဆုံးဖြတ်ထားခဲ့ပြီးပြီဖြစ်လေသည်။ဤကိစ္စနှင့်ပတ်သက်၍ မိခင်ဖြစ်သူနှင့်မောင်ဖြစ်သူကိုလည်း မည်သူ့ကိုမျှ မည်သို့မျှမတုံ့ပြန်ရန် ဝါဆိုဖူးဘက်မှ တောင်းဆိုထားခဲ့ပြီးပြီဖြစ်သည်။သို့အတွက်ကြောင့်တော့ ထူးထူးထွေထွေခံစားမနေရန် မိသားစုနှင့်ဆွေမျိုးအသိုင်းအဝိုင်းများကိုဝါဆိုဖူးဘက်မှတောင်းဆိုထားခဲ့ပြီးပြီဖြစ်လေသည်။အချိန်တစ်လကျော်အတွင်း၌ သူမတို့၏အကြောင်းသည် လူအချို့၏ပါးစပ်ဖျားတွင် ပြော၍ကောင်းနေမြဲဖြစ်ကောင်းဖြစ်နိုင်သော်လည်း လအနည်းငယ်မှ လများသို့ ရောက်လာလျှင်တော့ ဤအကြောင်းအရာများကို လုံးဝမေ့ပျောက်သွားကြလိမ့်မည်ဟု ယုံကြည်ထားမိလေသည်။မပြီးဆုံးသေးခင်ကာလမှာတော့စိတ်ကိုကြံ့ကြံ့ခံ၍ရင်ဆိုင်နိုင်ရန်သာ ကိုယ့်ကိုယ်ကိုအကောင်းဆုံး ကြိုးစားအားတင်းထားရလေသည်။

နေရာWhere stories live. Discover now