#နေရာ
(အခန်းဆက်ဝတ္ထု)
စာရေးသူ= ဧကြည်ဖြူ
အပိုင်း (၂၀)
akyiphyu
*****a*****k *****y*****i***** p*****h *****y*****u*****
ဝါဆိုဖူး၏ သတိပေးစကားကြောင့် ဘုန်းတေဇမှာ ဝါဆိုဖူး၏မျက်နှာလေးကို ရီဝေ ညို့မှိုင်းသော အကြည့်များဖြင့်ကြည့်လိုက်ပြီးနောက်" အဲ့ဒီကိစ္စအတွက် မကျေနပ်ဘူးဆိုရင် ... ကျန်တဲ့အပြစ်တွေအကုန်ပေးပါမမ.....ကျွန်တော့်ကို ကြိုက်သလောက်ရိုက်ပါ ..ကြိုက်သလိုပြောပါ ကျွန်တော်ခံပါ့မယ် ... ဒါပေမဲ့ ...မမကိုတော့ တခြားသူလက်ထဲကို မထည့်ပေးတော့ဘူးလို့ ကျွန်တော်ဆုံးဖြတ်ထားတယ်...တကယ်လို့ မမတို့ဘက်ကလဲ ရအောင်စီစဉ်မယ်ဆိုရင် ကျွန်တော်ကလဲရအောင်လိုက်ဖျက်မှာပါ ...ဒီအတွက် ...မမကျွန်တော့်ကို မကျေနပ်ဘူးဆိုရင် ..မမကြိုက်သလိုလုပ်ပါ ..အပြစ်ပေးပါ ...ပုဒ်မတစ်ခုခုတပ်ပြီး ထောင်ထဲထည့်လိုက်လို့လဲရပါတယ်...မမအပြစ်ပေးတာဆိုရင် မငြင်းဘဲလက်ခံပါ့မယ် "
ဘုန်းတေဇသည် ဝါဆိုဖူး၏ မျက်နှာရှေ့သို့ သူ၏မျက်နှာကို ထိုးပေးလိုက်ပြီးနောက် လေးနက်တည်ကြည်စွာပြောလိုက်သည်။
" မင်းက လူမိုက်ပုံစံလုပ်ပြနေတာလား ဘုန်းတေဇ ....တို့ကို ခြိမ်းခြောက်နေတာလား "
ဝါဆိုဖူးသည် ဘုန်းတေဇကို ဆတ်ခနဲထွန်းဖယ်ပစ်လိုက်ပြီး ဒေါသနှင့်မေးလိုက်မိလေ၏။
" မမရယ်...ဘာလို့အဲ့ဒီလိုထင်ရတာလဲ ....မမကို အဆုံးရှုံးမခံနိုင်လို့ပြောမိတာပါ ...တကယ်လို့များ မမလက်ထပ်မဲ့မမရဲ့အိမ်ထောင်ဖက်ကို... မမကလဲချစ်သလို...သူကလဲမမကိုချစ်တယ်ဆိုရင် ...ကျွန်တော် မမကို နှောင့်ယှက်မှာမဟုတ်ပါဘူး....ကျွန်တော်ရှာလာခဲ့သမျှကိုတောင် မမတို့အတွက် လက်ဖွဲ့အဖြစ်ပေးလိုက်မှာပါ ...ဒါက မှန်းသောစကားကိုပြောတာပါမမ....ကျွန်တော့်ကို မမစောင့်ကြည့်ပါ....မမစိတ်ကျေနပ်လောက်တဲ့အချိန်ရောက်မှ ... ကျွန်တော့်ကိုလက်ခံလို့ရပါတယ်....အိမြတ်ချယ်ဆိုတဲ့ မိန်းမကိုလဲ ...ကျွန်တော့်ကိုလာမပတ်သက်အောင်...အပြတ်ပြောလိုက်ပါ့မယ် ... ဟိုတစ်နေ့က ရောက်လာကတည်းက အပြတ်ပြောလိုက်ဖို့စဉ်းစားလိုက်ပေမဲ့ ...မမပြန်သိသွားပြီ စိတ်ဆိုးမှာကြောက်လို့...ဘာမှမပြောဘဲ အေးအေးဆေးဆေးပဲပြောပြီးပြန်လွှတ်လိုက်တာပါ ....ကျွန်တော့်ဘဝမှာ ...မမကလွဲပြီး ဘယ်မိန်းမကိုမှလဲ စိတ်မဝင်စားခဲ့ဘူး...အသက်နှစ်ဆယ်အရွယ်ကနေအခုချိန်ထိ မမကိုပဲချစ်ခဲ့တာ ....မမကိုပဲကြည့်နေခဲ့တာ ...ကျွန်တော့်ကိုတစ်ချက်လောက်ပဲ ပြန်ငဲ့ကြည့်ပေးပါနော်မမ "
YOU ARE READING
နေရာ
Romanceလင်းနေတဲ့နေရာမို့ ကျွန်မရှိနေခဲ့တာမဟုတ်ဘူး ကျွန်မရှိနေလို့ လင်းနေခဲ့တာ သူငယ်ချင်းသံယောဇဉ်ကို ဖျက်ဆီးလိုက်ကြတဲ့ သစ္စာဖောက်သူ နှစ်ယောက်ကြောင့် အချစ်ကို နာကြည်းသွားတဲ့ သူမ